The Bible Software
Psalms · Common Language Bible

Psalms 14

1လူ​မိုက်​တို့​က``ဘု​ရား​မ​ရှိ'' ဟု​တွေး​တော ထင်​မှတ်​ကြ​၏။ သူ​တို့​အား​လုံး​ပင်​အ​ကျင့်​ပျက်​ပြား​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​များ​ကို ပြု​ကျင့်​ကြ​လေ​ပြီ။ အ​ကျင့်​ကောင်း​ကို​ပြု​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ။

2ထာ​ဝ​ရ​ဘု​ရား​သည်​အ​သိ​ပညာ​ရှိ​သူ​များ၊ မိ​မိ​အား​ကိုး​ကွယ်​ဝတ်​ပြု​သူ​များ​ရှိ​မ​ရှိ​ကို သိ​မြင်​ရန် ကောင်း​ကင်​ဘုံ​မှ​ငုံ့​၍​လူ​သား​တို့​အား ကြည့်​တော်​မူ​၏။

3သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​သည်​လမ်း​လွဲ ကြ​ကုန်​လေ​ပြီ။ သူ​တို့​အား​လုံး​ပင်​တ​ညီ​တ​ညွတ်​တည်း ဆိုး​ညစ်​ကြ​၏။ သူ​တို့​တွင်​အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​သူ​မ​ရှိ။ တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။

4ထာ​ဝ​ရ​ဘု​ရား​က ``ထို​သူ​တို့​သည်​မ​သိ​နား​မ​လည်​သူ​များ​ပေ​လော။ ဤ​သူ​ယုတ်​မာ​များ​သည်​အ​သိ​ပ​ညာ​ကင်း​မဲ့ သူ​များ​ပေ​လော။ သူ​တို့​သည်​ငါ​၏​လူ​စု​တော်​ထံ​မှ​လု​ယူ တိုက်​ခိုက်​၍ အ​သက်​မွေး​ကြ​ကုန်​သည်။ ငါ​၏​ထံ​သို့​လည်း​ဆု​တောင်း​ပတ္ထ​နာ​မ​ပြု ကြ'' ဟု​မိန့်​တော်​မူ​၏။

5သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော်​၏ စကား​ကို နား​ထောင်​သူ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​ကြ​ရ​လိမ့်​မည်။

6သူ​ယုတ်​မာ​တို့​သည်​နှိမ့်​ချ​သူ​၏​အ​ကြံ အ​စည်​ကို ပျက်​စေ​တတ်​ကြ​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ​၏​အ​ကွယ်​အ​ကာ ဖြစ်​တော်​မူ​၏။

7ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ကယ်​တင်​ခြင်း ကျေး​ဇူး​တော်​သည် ဇိ​အုန်​တောင်​တော်​မှ​ထွက်​ပေါ်​လာ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား တစ်​ဖန်​ပြန်​၍​ကောင်း​စား​လာ​စေ​တော်​မူ​သော အ​ခါ၊ သူ​တို့​သည်​လွန်​စွာ​ဝမ်း​မြောက်​ကြ​လိမ့်​မည်။

← Psalms 13Read In The App, Free →Psalms 15 →

Study Psalms 14

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150