Psalms 141:10
ကျွန်တော်မျိုးသည်ဘေးမဲ့လုံခြုံစွာထောင်ချောက်ကို ကျော်သွားနိုင်ပါစေသော။ သူယုတ်မာတို့မူကားမိမိတို့ထောင်ထားသော ထောင်ချောက်ထဲသို့ကျကြပါစေသော။
Common Language Bible
In The King James Version
Let the wicked fall into their own nets, whilst that I withal escape.
In Context
Cross References
Psalms 7:15သို့ရာတွင်သူတို့သည်မြေတွင်းကိုနက်စွာတူး၍ မိမိတို့တူးသည့်တွင်းများထဲသို့ပင်ကျကြ၏။
Psalms 35:8သို့ရာတွင်သူတို့သည်အမှတ်မထင်ပျက်စီး ဆုံးပါး ရကြပါလိမ့်မည်။ မိမိတို့ထောင်သည့်ကျော့ကွင်းတွင်ပြန်၍မိလျက် မိမိတို့တူးသောတွင်းထဲသို့ကျ၍ ပျက်စီးဆုံးပါးရကြပါလိမ့်မည်။
Psalms 64:7သို့ရာတွင်ဘုရားသခင်သည်ထိုသူတို့အား မြားတော်ဖြင့်ပစ်တော်မူ၍ချက်ချင်းပင် ဒဏ်ရာရစေတော်မူ၏။
Proverbs 11:8ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။