The Bible Software
Psalms · Common Language Bible

Psalms 143

1အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​၏​ဆု​တောင်း​ပတ္ထ​နာ​ကို ကြား​တော်​မူ​ပါ။ ဖြောင့်​မတ်​တော်​မူ​သည်​ဖြစ်​၍​ကျွန်​တော်​မျိုး အ​သ​နား​ခံ​သည်​ကို​နား​ထောင်​တော်​မူ​ပါ။ သစ္စာ​စောင့်​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​၏​ပန်​ကြား​လျှောက်​ထား​သည်​ကို နား​ညောင်း​တော်​မူ​ပါ။

2ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ကျွန်​တော်​မျိုး​နှင့် တ​ရား​ဆိုင်​တော်​မ​မူ​ပါ​နှင့်။ ရှေ့​တော်​တွင်​အ​ပြစ်​ကင်း​သူ​တစ်​ဦး​တစ်​ယောက်​မျှ မ​ရှိ​ပါ။

3ရန်​သူ​သည်​ကျွန်​တော်​မျိုး​အား​လိုက်​လံ​၍​မီ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​လုံး​ဝ​အ​ရေး​ရှုံး​နိမ့်​စေ​ပါ​ပြီ။ သူ​သည်​ကျွန်​တော်​မျိုး​ကို​မှောင်​သော​အ​ရပ်​တွင် ချုပ်​နှောင်​ထား​ပြီ​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရှေး​လွန်​လေ​ပြီး​သော အ​ခါ​က သေ​လွန်​ခဲ့​သူ​ကဲ့​သို့​ဖြစ်​ပါ​၏။

4သို့​ဖြစ်​၍​ကျွန်​တော်​မျိုး​သည်​လက်​လျှော့​၍ အ​ရှုံး​ပေး​ရန်​အ​သင့်​ရှိ​ပါ​ပြီ။ အ​လွန်​စိတ်​ပျက်​အား​လျော့​လျက်​နေ​ပါ​၏။

5ကျွန်​တော်​မျိုး​သည်​ကုန်​လွန်​ခဲ့​သည့်​နေ့​ရက်​တို့​ကို အောက်​မေ့​သ​တိ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ ရှိ​သ​မျှ​တို့​ကို​ဆင်​ခြင်​ပါ​၏။ ကိုယ်​တော်​ရှင်​၏​လက်​ရာ​တော်​တို့​ကို​စဉ်း​စား​ပါ​၏။

6ကျွန်​တော်​မျိုး​သည်​လက်​အုပ်​ချီ​၍​ကိုယ်​တော်​ရှင်​၏ ထံ​တော်​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​ပါ​၏။ ရေ​ငတ်​သော​မြေ​ကဲ့​သို့​ကျွန်​တော်​မျိုး​၏ ဝိညာဉ်​သည် ကိုယ်​တော်​ရှင်​ကို​တောင့်​တ​ပါ​၏။

7အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​ပင်​လျှင်​ကျွန်​တော်​မျိုး​ပန်​ကြား လျှောက်​ထား​ချက်​ကို​နား​ညောင်း​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​လုံး​ဝ​မျှော်​လင့်​ရာ​မဲ့​လျက် နေ​ပါ​ပြီ။ ကျွန်​တော်​မျိုး​အား​မျက်​နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်။ ယင်း​သို့​ပြု​တော်​မူ​ပါ​လျှင်​ကျွန်​တော်​မျိုး​သည် မ​ရ​ဏာ​နိုင်​ငံ​သို့​သွား​ရ​သူ​ကဲ့​သို့​ဖြစ်​ပါ​လိမ့်​မည်။

8နံ​နက်​ချိန်​တိုင်း​၌​ကျွန်​တော်​မျိုး​အား ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို သ​တိ​ရ​စေ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏။ ကျွန်​တော်​မျိုး​လျှောက်​သင့်​သည့်​လမ်း​ကို ပြ​ညွှန်​တော်​မူ​ပါ။

9အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ကို​ခို​လှုံ​ရန်​ကျွန်​တော်​မျိုး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​ပါ​၏။ ကျွန်​တော်​မျိုး​အား​ရန်​သူ​များ​၏​လက်​မှ ကယ်​တော်​မူ​ပါ။

10ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​လို​တော်​အ​တိုင်း​ဆောင်​ရွက်​ရန် ကျွန်​တော်​မျိုး​အား​သွန်​သင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​အား​ကျေး​ဇူး​ပြု​တော်​မူ​၍ ဘေး​မဲ့​လုံ​ခြုံ​ရာ​လမ်း​ကို​ညွှန်​ပြ​တော်​မူ​ပါ။

11အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​က​တိ​တော်​ရှိ​သည်​အ​တိုင်း ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။ ကောင်း​မြတ်​တော်​မူ​သည်​နှင့်​အ​ညီ​ကျွန်​တော် မျိုး​အား ဆင်း​ရဲ​ဒုက္ခ​များ​မှ​ကယ်​တော်​မူ​ပါ။

12ကျွန်​တော်​မျိုး​အ​ပေါ်​၌​ထား​ရှိ​သော​မေတ္တာ တော်​ကို ထောက်​၍​ရန်​သူ​များ​အား​ကွပ်​မျက်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ ဖြစ်​သ​ဖြင့် ကျွန်​တော်​မျိုး​ကို​ဖိ​နှိပ်​ညှဉ်း​ဆဲ​သူ​အ​ပေါင်း တို့​ကို သုတ်​သင်​တော်​မူ​ပါ။

← Psalms 142Read In The App, Free →Psalms 144 →

Study Psalms 143

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150