The Bible Software
bible.software › Psalms › Psalms 144 › Psalms 144:13

Psalms 144:13

ကျွန်​တော်​မျိုး​တို့​၏​ကျီ​များ​သည်​အ​သီး​အ​နှံ အ​မျိုး​မျိုး​ဖြင့်​ပြည့်​လျက်​ရှိ​ပါ​စေ​သော။ ကွင်း​ပြင်​များ​ရှိ​သိုး​များ​သည်​ထောင်​ပေါင်း များ​စွာ​သော​သိုး​ငယ်​တို့​ကို​မွေး​ဖွား​ကြ ပါ​စေ​သော။

Common Language Bible

In The King James Version

That our garners may be full, affording all manner of store: that our sheep may bring forth thousands and ten thousands in our streets:

In Context

12ကျွန်​တော်​မျိုး​တို့​၏​သား​များ​သည်​အ​သက် ပျို​ရွယ်​ချိန်​၌​သန်​မာ​ကြီး​ထွား​လာ​သော အ​ပင်​ငယ်​များ​ကဲ့​သို့​ဖြစ်​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​သ​မီး​များ​သည်​နန်း​တော် ထောင့်​များ​တွင်​အ​လှ​စိုက်​ထူ​ထား​သော ခန့်​ညား​သည့်​ကျောက်​တိုင်​များ​ကဲ့​သို့​ဖြစ်​ပါ စေ​သော။

14ကျွန်​တော်​မျိုး​တို့​၏​နွား​များ​သည်​လည်း​ဇီး​မ​လျှော၊ မ​သေ​မ​ပျောက်​ဘဲ​များ​စွာ​တိုး​ပွား​ကြ​ပါ​စေ​သော။ ကျွန်​တော်​မျိုး​တို့​၏​လမ်း​များ​သည် ဒုက္ခ​ရောက်​သူ​တို့​၏​အော်​ဟစ်​ညည်း​တွား​သံ​များ​နှင့် ကင်း​ဝေး​ပါ​စေ​သော။

Read all of Psalms 144

Cross References

Leviticus 26:5အ​သီး​အ​နှံ​များ​လှိုင်​လှိုင်​ထွက်​သ​ဖြင့် သင်​တို့ သည်​စ​ပါး​ရိတ်​သိမ်း​၍​မ​ပြီး​ပြတ်​မီ စ​ပျစ်​သီး စု​သိမ်း​ချိန်​ရောက်​လိမ့်​မည်။ စ​ပျစ်​သီး​စု​သိမ်း​၍ မ​ပြီး​ပြတ်​မီ​စ​ပါး​စိုက်​ပျိုး​ချိန်​ရောက်​လိမ့်​မည်။ သင်​တို့​သည်​ဝ​စွာ​စား​ရ​၍​ဘေး​ကင်း​လုံ​ခြုံ စွာ​နေ​ထိုင်​ရ​လိမ့်​မည်။

Deuteronomy 7:13ကိုယ်​တော်​သည်​သင်​တို့​ကို​ချစ်​၍​ကောင်း​ချီး​ပေး တော်​မူ​သ​ဖြင့် သင်​တို့​သည်​လူ​ဦး​ရေ​တိုး​ပွား​၍ သား​သ​မီး​များ​စွာ​ရ​ကြ​လိမ့်​မည်။ သင်​တို့​၏ လယ်​ကွင်း​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်​အ​သီး အ​နှံ၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ​တို့​အ​ထွက်​များ လိမ့်​မည်။ သင်​တို့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင် တို့​တွင်​သိုး​နွား​တိရစ္ဆာန်​များ​တိုး​ပွား​များ​ပြား လိမ့်​မည်။ သင်​တို့​ဘိုး​ဘေး​တို့​အား​က​တိ​ထား သော​ပြည်​သို့​သင်​တို့​ရောက်​ရှိ​သော​အ​ခါ ထို ကောင်း​ချီး​မင်္ဂလာ​များ​ကို​ချ​ပေး​တော်​မူ​လိမ့် မည်။-

Deuteronomy 28:4``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး မြောက်​မြား​စွာ​ထွန်း​ကား​စေ​ရန်​လည်း​ကောင်း၊ အ​သီး​အ​နှံ​ပေါ​များ​စေ​ရန်​လည်း​ကောင်း၊ သိုး နွား​မြောက်​မြား​စွာ​တိုး​ပွား​စေ​ရန်​လည်း ကောင်း​ကောင်း​ချီး​ပေး​တော်​မူ​မည်။

Psalms 107:37သူ​တို့​သည်​လယ်​ယာ​လုပ်​ကိုင်​ကာ​စ​ပျစ်​ပင် များ​ကို စိုက်​ပျိုး​ကြ​၏။ ယင်း​တို့​သည်​များ​စွာ​သော​အ​သီး​အ​နှံ တို့​ကို​ဆောင်​ကုန်​၏။

Luke 12:16ထို​နောက်​ကိုယ်​တော်​သည်​ပုံ​ဥ​ပ​မာ​ကို​ဆောင် ၍ ``သူ​ဌေး​တစ်​ဦး​သည် မိ​မိ​၏​လယ်​ယာ​မှ အ​သီး​အ​နှံ​များ​စွာ​ထွက်​သ​ဖြင့်၊-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 144:13

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 144:12Psalms 144Psalms 144:14 →