Psalms 147:14
ကိုယ်တော်သည်သင်၏မြို့တံခါးကိုဘေးမဲ့ လုံခြုံစွာထားတော်မူ၍ သင့်အားအကောင်းဆုံးသောဂျုံဆန်ဖြင့် ရောင့်ရဲစေတော်မူ၏။
Common Language Bible
In The King James Version
He maketh peace in thy borders, and filleth thee with the finest of the wheat.
In Context
Cross References
Deuteronomy 8:7သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုအစာရေစာပေါကြွယ်ဝသောပြည် သို့ပို့ဆောင်လျက်ရှိတော်မူ၏။ ထိုပြည်ရှိချိုင့် ဝှမ်းနှင့်တောင်ကုန်းများတွင် မြစ်များ၊ စမ်းပေါက် များ၊ မြေအောက်စမ်းများစီးထွက်လျက်ရှိလေ သည်။-
1 Chronicles 22:9သို့သော်ကိုယ်တော်သည်ငါ့အားကတိတော် ကိုပေးတော်မူ၏။ ကိုယ်တော်က`သင်သည်တိုင်း နိုင်ငံကိုငြိမ်းချမ်းစွာအုပ်စိုးမည့်သားတစ် ဦးကိုရလိမ့်မည်။ သူသည်မိမိရန်သူများ နှင့်ငြိမ်းချမ်းစွာနေနိုင်ရေးကိုငါပေးမည်။ သူသည်မိမိနန်းသက်အတွင်း ဣသရေလ အမျိုးသားတို့အားငြိမ်းချမ်းလုံခြုံစွာ ထားမည်ဖြစ်၍၊ ရှောလမုန် ဟုနာမည်တွင်လိမ့်မည်။-
Psalms 81:16ငါသည်သင်တို့အားအကောင်းဆုံးဂျုံဆန်ကို ကျွေးမွေး၍ တောပျားရည်ကိုသုံးဆောင်စေမည်'' ဟုဆို၏။
Psalms 132:11ကိုယ်တော်ရှင်က``ငါသည်သင်၏သားတစ်ဦးဦးကို ဘုရင်အရာ၌ခန့်ထားမည်။ သူသည်သင်၏အရိုက်အရာကိုဆက်ခံရလိမ့်မည်။ အကယ်၍သင်၏သားတို့သည်ငါ၏ပဋိညာဉ်တော်ကို စောင့်ထိန်း၍ငါပေးသည့်သြဝါဒများကို လိုက်နာကျင့်သုံးကြပါမူ၊ သူ၏သားတို့သည်လည်းသင်၏အရိုက်အရာကို ဆက်ခံကာဘုရင်များအဖြစ်ဖြင့် အစဉ်အမြဲအုပ်စိုးရကြလိမ့်မည်'' ဟု ကိုယ်တော်ရှင်၏အစေခံဒါဝိဒ်အားကျိန်ဆို ကတိပြုတော်မူခဲ့ပါ၏။ ကိုယ်တော်ရှင်သည်ယင်းကတိတော်ကိုပြန်လည် ရုပ်သိမ်းတော်မူမည်မဟုတ်ပါ။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
Isaiah 66:12ထာဝရဘုရားက``ငါသည်သင်တို့အား တည်မြဲသည့်စည်းစိမ်ချမ်းသာကိုပေးမည်။ လူမျိုးတကာတို့၏ပစ္စည်းဥစ္စာများသည် အဘယ်အခါ၌မျှမခန်းမခြောက်သည့် မြစ်ရေကဲ့သို့ သင်တို့ထံသို့စီးဆင်းလာ လိမ့်မည်။ သင်တို့သည်မိခင်ဖြစ်သူကချစ် ခင်ယုယစွာပိုက်ပွေ့လျက်နို့တိုက်ကျွေး သည့်ကလေးနှင့်တူလိမ့်မည်။-