Psalms 147:9
ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။
Common Language Bible
In The King James Version
He giveth to the beast his food, and to the young ravens which cry.
In Context
Cross References
Job 38:41ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
Psalms 136:25ကိုယ်တော်သည်ခပ်သိမ်းသောသတ္တဝါတို့အား အစားအစာများကိုပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
Psalms 145:16ကိုယ်တော်သည်သူတို့၏လိုအင်များကို လုံလောက်စွာ ဖြည့်တင်းပေးကာသူတို့ကိုရောင့်ရဲစေတော်မူ၏။
Luke 12:24ကျီးကန်းများကိုကြည့်ရှုဆင်ခြင်ကြလော့။ သူတို့သည်မျိုးကိုမကြဲ၊ အသီးအနှံများ ကိုမရိတ်မသိမ်း။ သူတို့မှာကုန်လှောင်ခန်းများ၊ ကျီများမရှိ။ သို့ရာတွင်ဘုရားသခင်သည် သူတို့အားကျွေးမွေးတော်မူ၏။ သင်တို့ ကားငှက်များထက်များစွာအဖိုးထိုက်သည် မဟုတ်လော။-