Psalms 148:13
ယင်းတို့သည်ထာဝရဘုရား၏နာမတော် အား ထောမနာပြုကြစေ။ ကိုယ်တော်၏နာမတော်သည်နာမရှိသမျှထက် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် ကမ္ဘာမြေကြီးနှင့်ကောင်းကင်အထက် ၌ရှိ၏။
Common Language Bible
In The King James Version
In Context
Cross References
Psalms 8:1အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကို ကမ္ဘာတစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။ ကိုယ်တော်အားထောမနာပြုသည့်သီချင်း သံသည် ကောင်းကင်ဘဝဂ်တိုင်အောင်ရောက်ရှိပါ၏။
Psalms 8:9အို ကျွန်တော်မျိုးတို့၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကြီးမြတ်တော်မူပုံကိုကမ္ဘာမြေ တစ်ပြင်လုံးတွင်တွေ့မြင်ရကြပါ၏။
Psalms 72:19ဘုန်းကြီးသောနာမတော်ကိုအစဉ်အမြဲ ထောမနာပြုကြလော့။ ကမ္ဘာမြေကြီးတစ်ပြင်လုံး၌ဘုန်းတော်နှင့် ပြည့်ပါစေသော။ အာမင်။ အာမင်။
Psalms 99:9ငါတို့၏ဘုရားသခင်ထာဝရဘုရားအား ထောမနာပြုကြလော့။ သန့်ရှင်းမြင့်မြတ်သည့်တောင်တော်ပေါ်တွင် ကိုးကွယ်ဝတ်ပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူ၏။
Psalms 113:4ထာဝရဘုရားသည်လူမျိုးတကာတို့ကို အစိုးရတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေတော်သည် မိုးကောင်းကင်အထက်ထွန်းတောက်တော်မူ၏။
Song of Solomon 5:9ငါချစ်ရာသခင်သည် ဖြူသောအအဆင်း၊ နီသော အဆင်းနှင့် ပြည့်စုံ၍၊ လူတသောင်းတို့တွင် အထွဋ် အမြတ်ဖြစ်တော်မူ၏။