Psalms 149:1
ထာဝရဘုရားအားထောမနာပြုကြ လော့။ ထာဝရဘုရားသခင်၏ရှေ့တော်၌ သီချင်းသစ်ကိုဆိုကြလော့။ ကိုယ်တော်အားသစ္စာစောင့်သူတို့စုဝေး ရာတွင် ကိုယ်တော်အားထောမနာပြုကြလော့။
Common Language Bible
In The King James Version
Praise ye the LORD. Sing unto the LORD a new song, and his praise in the congregation of saints.
In Context
Cross References
Psalms 22:25ကျွန်တော်မျိုးသည်ကိုယ်တော်ပြုတော်မူသော ကျေးဇူးတော်အတွက် ကိုယ်တော်အားကိုးကွယ်သူလူပရိသတ်ရှေ့တွင် ကိုယ်တော်အားထောမနာပြုပါမည်။ ကျွန်တော်မျိုးသည်မိမိကတိသစ္စာပြုခဲ့သည့် အတိုင်း ယဇ်ပူဇော်ပါမည်။
Psalms 35:18ထိုအခါကျွန်တော်မျိုးသည်ကိုယ်တော်၏ လူစုတော် အစည်းအဝေးတွင် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူပရိသတ်ကြီး၏ရှေ့တွင်ကိုယ်တော်အား ထောမနာပြုပါမည်။
Psalms 89:5ကောင်းကင်တို့သည်ကိုယ်တော်ရှင်ပြုတော်မူသော အံ့သြဖွယ်ရာများအကြောင်းကိုသီချင်းဆို ကြပါ၏။ အို ထာဝရဘုရား၊ သန့်ရှင်းသူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော် အကြောင်းကိုသီချင်းဆိုကြပါ၏။
Psalms 98:1ထာဝရဘုရားအားသီချင်းသစ်ကိုဆို၍ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်သည်အံ့သြဖွယ်ရာအမှုတော်တို့ကို ပြုတော်မူပြီ။ ကိုယ်တော်သည်မိမိ၏တန်ခိုးတော်ဖြင့် လည်းကောင်း၊ ခွန်အားစွမ်းရည်တော်ဖြင့်လည်းကောင်း အောင်ပွဲကိုရတော်မူပြီ။
Psalms 116:18ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား သစ္စာကတိပြုခဲ့သည့်အတိုင်း ကိုယ်တော်ရှင်၏လူစုတော်ဝင်တို့ စုဝေးရာ ယေရုရှလင်မြို့ရှိကိုယ်တော်ရှင်၏ဗိမာန် တော်၌ သစ္စာဝတ်ကိုဖြေပါမည်။ ထာဝရဘုရားကိုထောမနာပြုကြလော့။
Psalms 148:1ထာဝရဘုရားအားထောမနာပြုကြလော့။ အထက်ဘဝဂ်ဝယ်နေထိုင်သူတို့၊ကောင်းကင် ဘုံမှ ထာဝရဘုရားအားထောမနာပြုကြလော့။