The Bible Software
Psalms · Common Language Bible

Psalms 15

1အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​ပါ​မည်​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့် မြတ်​သော ဇိ​အုန်​တောင်​တော်​ပေါ်​တွင် ကိုး​ကွယ်​ဝတ်​ပြု​နိုင်​ပါ​မည်​နည်း။

2ခပ်​သိမ်း​သော​အ​မှု​တို့​တွင်​ဘု​ရား​သ​ခင်​၏ စ​ကား​ကို​နား​ထောင်​လျက် ဖြောင့်​မှန်​ရာ​ကို​အ​စဉ်​ပြု​ကျင့်​တတ်​သူ၊ ဟုတ်​မှန်​ရိုး​သား​စွာ​ပြော​ဆို​တတ်​သူ၊

3သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​မ​ဖျက်​တတ်​သူ ဖြစ်​ပါ​၏။ ထို​သူ​သည်​မိ​မိ​၏​မိတ်​ဆွေ​များ​ကို​မ​ပြစ်​မှား​တတ်။ အိမ်​နီး​ချင်း​တို့​၏​အ​ကြောင်း​ကို​လည်း​မ​ကောင်း သ​တင်း မ​လွှင့်​တတ်။

4သူ​သည်​ဘု​ရား​သ​ခင်​ပစ်​ပယ်​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​၍ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို​နား​ထောင် သူ​တို့​အား ဂုဏ်​ပြု​ချီး​မြှင့်​တတ်​၏။ အ​ဘယ်​မျှ​ပင်​မိ​မိ​၏​အ​ကျိုး​ထိ​ခိုက်​နစ်​နာ စေ​ကာ​မူ မိ​မိ​၏​က​တိ​များ​အ​တိုင်း​အ​စဉ်​ပြု​တတ်​၏။

5သူ​သည်​အ​တိုး​မ​ယူ​ဘဲ​မိ​မိ​၏​ငွေ​ကို ချေး​ငှား​တတ်​၏။ သူ​သည်​တံ​စိုး​လက်​ဆောင်​ယူ​၍​အ​ပြစ်​မဲ့ သူ​တို့ ထိ​ခိုက်​နစ်​နာ​စေ​ရန်​သက်​သေ​မ​ခံ​တတ်။ ဤ​သို့​သော​သူ​သည်​အ​စဉ်​အ​မြဲ​ဘေး ကင်း​လုံ​ခြုံ​စွာ နေ​ရ​လိမ့်​မည်။

← Psalms 14Read In The App, Free →Psalms 16 →

Study Psalms 15

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150