Psalms 16:10
အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားမရဏာနိုင်ငံသို့လားရန် အခွင့်ပေးတော်မူမည်မဟုတ်သောကြောင့်တည်း။ ကျွန်တော်မျိုးသည်အမှုတော်ကိုသစ္စာရှိစွာ ထမ်းခဲ့ပါ၏။ ကွန်တော်မျိုးအားသေမင်း၏လက်သို့ အပ်တော်မူမည်မဟုတ်ပါ။
Common Language Bible
In The King James Version
For thou wilt not leave my soul in hell; neither wilt thou suffer thine Holy One to see corruption.
In Context
Cross References
Leviticus 19:28ကိုယ်ပေါ်တွင်ဆေးမင်လည်းမထိုးရ။ ကိုယ်ကို လည်းမလှီးမရှရ။ ငါသည်ထာဝရဘုရား ဖြစ်တော်မူ၏။
Deuteronomy 32:22ငါ၏အမျက်တော်သည်မီးကဲ့သို့တောက်လောင်၍ မြေကြီးပေါ်တွင်ရှိသမျှတို့ကိုလောင်ကျွမ်း စေမည်။ အမျက်တော်မီးသည်မရဏာနိုင်ငံ တိုင်အောင်လည်းကောင်း၊ တောင်အောက်ခြေသို့တိုင်အောင်လည်းကောင်း လောင်လိမ့်မည်။
Psalms 9:17ထာဝရဘုရားကိုပစ်ပယ်သူအပေါင်းနှင့် သူယုတ်မာတို့သည်သေခြင်းတွင် လမ်းဆုံးရကြလိမ့်မည်။
Psalms 139:8အကယ်၍ကျွန်တော်မျိုးသည် ကောင်းကင်သို့တက်လျှင်ထိုအရပ်တွင် ကိုယ်တော်ရှင်ရှိတော်မူပါ၏။ အကယ်၍ကျွန်တော်မျိုးသည်မရဏာ နိုင်ငံတွင် လဲလျောင်းလျှင် ထိုအရပ်တွင်ကိုယ်တော်ရှင်ရှိတော်မူပါ၏။
Proverbs 27:20မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။
Isaiah 14:9``မရဏနိုင်ငံသည် ဗာဗုလုန်ဘုရင်အားကြို ဆိုလက်ခံရန်အသင့်ပြင်ဆင်လျက်နေ၏။ ကမ္ဘာ မြေကြီးပေါ်တွင်ရှိစဉ်အခါကတန်ခိုးကြီး မားခဲ့သူတို့၏နာမ်ဝိညာဉ်များသည် လှုပ်ရှား သွားလာလျက်နေကြ၏။ ဘုရင်တို့၏ဝိညာဉ် များသည်လည်း မိမိတို့ရာဇပလ္လင်များမှ တက်ကြွလျက်နေကြ၏။-