Psalms 18:21
ငါသည်ထာဝရဘုရား၏ပညတ်တော်ကို လိုက်လျှောက်ခဲ့၏။ ငါ၏ဘုရားထံတော်မှရှောင်ခွာ၍မသွား ခဲ့ပါ။
Common Language Bible
In The King James Version
For I have kept the ways of the LORD, and have not wickedly departed from my God.
In Context
Cross References
2 Chronicles 20:32သူသည်မိမိခမည်းတော်အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက်တွင်ဖြောင့် မှန်သည့်အမှုကိုသာပြုကျင့်၏။-
Psalms 7:9ကိုယ်တော်ရှင်သည်ဖြောင့်မတ်တော်မူသောဘုရားဖြစ်တော်မူပါ၏။ လူတို့၏အကြံအစည်များနှင့်လိုအင်ဆန္ဒများကိုလည်းစစ်ဆေးတော်မူပါ၏။ သူယုတ်မာတို့၏ဆိုးညစ်မှုကိုဆီးတားတော်မူလျက်၊ သူတော်ကောင်းတို့အားကောင်းကျိုးကိုပေးသနားတော်မူပါ။
Psalms 26:1အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်မှန်ရာကိုပြုကျင့်၍ ကိုယ်တော်အားအကြွင်းမဲ့ကိုးစားသူဖြစ် ပါ၏။ ထို့ကြောင့်ကျွန်တော်မျိုးမှာအပြစ်မရှိကြောင်း ထုတ်ဖော်ကြေညာတော်မူပါ။
Psalms 119:102ကွန်တော်မျိုးအားသွန်သင်တော်မူသူမှာ ကိုယ်တော်ရှင်ဖြစ်တော်မူသဖြင့် ကွန်တော်မျိုးသည်ကိုယ်တော်ရှင် ခမှတ်တော်မူသည့်စီရင်ဆုံးဖြတ်ခက်မားမှ သွေဖည်၍မသွားပါ။
Daniel 6:23မင်းကြီးသည်လွန်စွာဝမ်းမြောက်အားရ တော်မူသဖြင့် ဒံယေလအားခြင်္သေ့တွင်း မှဆွဲတင်ကြရန်အမိန့်ပေးတော်မူ၏။ သို့ ဖြစ်၍လူတို့သည်ဆွဲတင်ကြရာဒံယေလ သည် ဘုရားသခင်ကိုယုံကြည်ကိုးစားသူ ဖြစ်သဖြင့် မည်သို့မျှဘေးအန္တရာယ်မဖြစ် ဘဲရှိသည်ကိုတွေ့မြင်ကြ၏။-
1 Thessalonians 2:10ငါတို့သည်ယုံကြည်သူသင်တို့နှင့်ဆက်ဆံ ရာတွင်အပြစ်ဆိုဖွယ်မရှိအောင်ဖြူစင် ဖြောင့်မှန်စွာပြုမူကျင့်ကြံခဲ့သည်ကို သင် တို့သက်သေဖြစ်ကြ၏။ ဘုရားသခင်သည် လည်းသက်သေဖြစ်တော်မူ၏။-