Psalms 18:50
ဘုရားသခင်သည်မိမိခန့်ထားတော်မူသော ဘုရင်အားအောင်ပွဲကြီးများခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသောဒါဝိဒ်မှစ၍ သူ၏သားမြေးများအားခိုင်မြဲသောမေတ္တာ တော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
1 Samuel 2:10ထာဝရဘုရား၏ရန်သူများသည်ချေမှုန်းခြင်းကို ခံရကြလိမ့်မည်။ သူတို့အပေါ်ကောင်းကင်မှမိုးချုန်း စေတော်မူလိမ့်မည်။ ထာဝရဘုရားသည်ကမ္ဘာတစ်ခုလုံးကို တရားစီရင်တော်မူလိမ့်မည်။ ကိုယ်တော်သည်မိမိရွေးချယ်ခန့်ထားတော် မူသော ဘုရင်အား၊တန်ခိုးနှင့်ပြည့်စုံစေ၍ မိမိဘိသိက်ပေးတော်မူသောသူအား အောင်မြင်ခွင့်ကို ပေးတော်မူလိမ့်မည်။''
2 Samuel 7:13သူသည်ငါ၏အတွက်ဗိမာန်တော်ကိုတည် ဆောက်ရမည်။ ငါသည်သူ၏ရာဇပလ္လင်ကို ထာဝစဉ်တည်မြဲစေမည်။-
1 Chronicles 17:27ကျွန်တော်မျိုး၏သားမြေးတို့သည်ကိုယ်တော် ရှင်၏ရှေ့တော်၌ဆက်လက်၍မျက်နှာရကြ စေရန် သူတို့အားကောင်းချီးပေးတော်မူပါ ဟုပန်ကြားလျှောက်ထားပါ၏။ အို ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်သူတို့အားကောင်း ချီးပေးတော်မူပါပြီ။ သူတို့သည်ကိုယ်တော် ရှင်၏ကောင်းချီးမင်္ဂလာကိုအစဉ်အမြဲ ခံစားရကြပါစေသော'' ဟုဆုတောင်း သတည်း။
Psalms 57:10ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် မိုးကောင်းကင်သို့တိုင်အောင်လည်းကောင်း၊ ကိုယ်တော်ရှင်၏သစ္စာတော်သည်အာကာသသို့ တိုင်အောင်လည်းကောင်းရောက်ပါ၏။
Psalms 89:3ကိုယ်တော်ရှင်က``ငါရွေးကောက်သူနှင့်ငါသည် ပဋိညာဉ်ပြုပြီ။ ငါ၏အစေခံဒါဝိဒ်အား`သင်၏သားမြေးသည် ရှင်ဘုရင်အရာကိုအမြဲရလိမ့်မည်။ သင်၏မင်းမျိုးမင်းနွယ်သည်အဆက်မပြတ် ဖြစ်လိမ့်မည်' ဟု ငါကတိပေးပြီ'' ဟူ၍မိန့်တော်မူပါ၏။
Psalms 132:10အို ထာဝရဘုရား၊ ကိုယ်တော်၏အစေခံဒါဝိဒ်အားပေးတော်မူသည့် ကတိတော်ကိုထောက်၍ ကိုယ်တော်ရွေးချယ်တော်မူသည့်ဘုရင်ကို ပစ်ပယ်တော်မမူပါနှင့်။