Psalms 19:13
တမင်တကာကြံရွယ်ချက်ဖြင့်ပြုသည့်အပြစ် ဒုစရိုက်များနှင့်လည်းကင်းစင်စေတော်မူပါ။ ထိုဒုစရိုက်တို့သည်ကျွန်တော်မျိုးအား အစိုးမရပါစေနှင့်။ သို့မှသာလျှင်ကျွန်တော်မျိုးသည် အပြစ်ဆိုဖွယ်မရှိဖြစ်လျက်အပြစ် ဒုစရိုက်နှင့် ကင်းစင်ပါလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Exodus 21:14သို့ရာတွင်ဒေါသထွက်၍သေစေရန်ရည်ရွယ် ချက်ဖြင့် လူတစ်ယောက်ကိုသတ်သောသူသည်၊ ငါ၏ယဇ်ပလ္လင်၌ပင်ခိုလှုံနေစေကာမူ သူ့အားဆွဲထုတ်၍သေဒဏ်ခံစေရမည်။
Leviticus 4:13အကယ်၍ဣသရေလတစ်မျိုးသားလုံးသည် ထာဝရဘုရား၏ပညတ်တော်တစ်ပါးပါး ကို အမှတ်မထင်ချိုးဖောက်မိသဖြင့်အပြစ် ကူးလွန်ခဲ့သည်ရှိသော်၊-
Leviticus 4:27အကယ်၍သာမန်လူတစ်ဦးသည်ထာဝရ ဘုရား၏ပညတ်တော်တစ်ပါးပါးကို အမှတ် မထင်ချိုးဖောက်မိသဖြင့်အပြစ်ကူးလွန် ခဲ့သည်ရှိသော်၊-
Deuteronomy 17:12တာဝန်ကျတရားသူကြီးသို့မဟုတ်ယဇ် ပုရောဟိတ်၏စီရင်ဆုံးဖြတ်ချက်ကို မနာ ခံသောသူအားသေဒဏ်စီရင်ရမည်။ ဤ နည်းအားဖြင့်ဣသရေလလူမျိုးမှထို ဒုစရိုက်ကိုဖယ်ရှားနိုင်လိမ့်မည်။-
1 Samuel 25:39ဒါဝိဒ်သည် နာဗလကွယ်လွန်ကြောင်းကြား သိရသောအခါ``ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူပါစေသတည်း။ ကိုယ်တော် သည်နာဗလငါ့ကိုစော်ကားသည့်အတွက် လက်စားချေတော်မူ၍ကိုယ်တော်၏အစေခံ ငါ့ကိုလည်းမိုက်မှားမှုမပြုရန်ဆီးတား တော်မူပြီ။ ထာဝရဘုရားသည်နာဗလ ပြုသည့်ဒုစရိုက်အတွက် သူ့ကိုဒဏ်ခတ် တော်မူလေပြီ'' ဟုမြွက်ဆို၏။ ထိုနောက်ဒါဝိဒ်သည်အဘိဂဲလအား မိမိ နှင့်ထိမ်းမြားမင်္ဂလာပြုရန်လူလွှတ်၍စကား ကမ်းလှမ်းလိုက်လေသည်။-
Job 34:32အကျွန်ုပ်နားမလည်သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်အား လျှောက်သင့် သည် မဟုတ်လော။