Psalms 2:12
တုန်လှုပ်လျက်ရှေ့တော်တွင်ဦးညွှတ်ပျပ်ဝပ်ကြလော့။ ယင်းသို့မပြုပါမူကိုယ်တော်သည် အမျက်တော်ထွက်တော်မူသဖြင့် သင်တို့သည်မုချသေကြေပျက်စီးကြလိမ့်မည်။ ကိုယ်တော်ထံတော်သို့ချဉ်းကပ်ခိုလှုံသူ အပေါင်းတို့သည်မင်္ဂလာရှိကြ၏။
Common Language Bible
In The King James Version
In Context
11သင်တို့သည်ကြောက်ရွံ့ရိုသေသောစိတ်နှင့် ထာဝရဘုရား၏အမှုတော်ကိုထမ်းရွက်ကြလော့။
Cross References
Genesis 41:40ငါသည်သင့်အားငါ့တိုင်းပြည်ကိုအုပ်ချုပ် စေမည်။ ငါ၏ပြည်သားအားလုံးတို့သည် သင်၏အမိန့်ကိုနာခံရမည်။ ထီးနန်းအရိုက် အရာအားဖြင့်သာလျှင်သင့်ထက်ငါကြီး မြတ်မည်။-
1 Samuel 10:1ထိုနောက်ရှမွေလသည်သံလွင်ဆီဘူးကိုယူ ၍ ရှောလု၏ဦးခေါင်းပေါ်သို့သွန်းလောင်းပြီး လျှင် သူ့အားနမ်းရှုပ်လျက်``ထာဝရဘုရား သည်သင့်အား ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့၏ဘုရင်အဖြစ်ဘိသိက် ပေးတော်မူ၏။ သင်သည်ကိုယ်တော်၏လူမျိုး တော်ကိုအုပ်စိုးလျက် ရန်သူတို့၏ဘေးမှ ကာကွယ်စောင့်ရှောက်ရမည်။ ထာဝရဘုရား သည်သင့်အားကိုယ်တော်၏လူမျိုးတော်ကို အုပ်စိုးရသူအဖြစ်ဖြင့် ဘိသိက်ပေးတော် မူကြောင်းသက်သေကားဤသို့တည်း။-
Psalms 1:6ထာဝရဘုရားသည်သူတော်ကောင်းများကိုပို့ဆောင်စောင့်ထိန်းတော်မူလိမ့်မည်။ သူယုတ်မာတို့မူကားဆုံးရှုံးပျက်စီးရကြလိမ့်မည်။
Psalms 2:7မင်းကြီးက``ထာဝရဘုရား၏ဗျာဒိတ်တော်ကို ငါကြေငြာမည်။ ကိုယ်တော်ကငါ့အား`သင်သည်ငါ၏သား ဖြစ်၏။ ယနေ့ပင်လျှင်ငါသည်သင်၏အဖဖြစ်လာ ပြီ။
Psalms 34:8ထာဝရဘုရားသည်အဘယ်မျှ ကောင်းမြတ်တော်မူသည်ကိုသင်ကိုယ်တိုင် စူးစမ်း၍ကြည့်လော့။ ကိုယ်တော်၏ထံတော်၌လုံခြုံစွာနေခွင့် ရသောသူသည်မင်္ဂလာရှိပါ၏။
Psalms 40:4အခြားဘုရားများကိုမဆည်းကပ်၊ မိစ္ဆာဘုရားများကိုရှိမခိုးဘဲထာဝရဘုရားအား ကိုးစားသူသည်မင်္ဂလာရှိ၏။