Psalms 2:6
ကိုယ်တော်က``သန့်ရှင်းမြင့်မြတ်သော ဇိအုန်တောင် ပေါ်တွင် ငါရွေးချယ်ထားသောရှင်ဘုရင်ကိုငါကိုယ်တိုင် တင်မြှောက်ပြီ'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
Yet have I set my king upon my holy hill of Zion.
In Context
Cross References
Psalms 45:6အရှင်မင်းကြီးအားဘုရားသခင် ပေးအပ်တော်မူသောရာဇပလ္လင်သည် ကာလအစဉ်အဆက်တည်လိမ့်မည်။ အရှင်မင်းကြီးသည်မိမိ၏တိုင်းနိုင်ငံကို တရားမျှတစွာအုပ်စိုးတော်မူပါ၏။
Psalms 50:2ထာဝရဘုရားသည်အလွန်တရာလှပ တင့်တယ်သည့် မြို့တော်တည်းဟူသော ဇိအုန်တောင်မှရောင်ခြည်တော်ကိုလွှတ်တော်မူ၏။
Psalms 89:27ငါသည်သူ့အားငါ၏သားဦးဖြစ်စေမည်။ ဘုန်းအကြီးဆုံးသောဘုရင်ဖြစ်စေမည်။
Psalms 110:1ထာဝရဘုရားက ``ငါသည်သင်၏ရန်သူများကိုသင်၏ ခြေတင်ခုံဖြစ်စေမည်။ ယင်းသို့မဖြစ်မီကာလငါ၏လက်ယာဘက် တွင် ထိုင်နေလော့'' ဟု ငါ၏အရှင်မင်းမြတ်အားမိန့်တော်မူ၏။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။
Ezekiel 17:22အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ``ငါသည်အာရစ်ပင်မြင့်၏ထိပ်ဖျားကိုင်းကို ယူ၍စိုက်မည်။ အခက်နုကိုချိုးပြီးနောက်အလွန်မြင့်သော တောင်မြင့်ပေါ်မှာစိုက်မည်။