Psalms 21:1
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မင်းကြီးအားခွန်အားစွမ်း ရည်ကို ပေးတော်မူသဖြင့်သူသည်ဝမ်းမြောက်ပါ၏။ ကိုယ်တော်ရှင်သည်စစ်ပွဲကိုအောင်စေတော်မူ သဖြင့် သူသည်အလွန်အားရရွှင်လန်းပါ၏။
Common Language Bible
In The King James Version
The king shall joy in thy strength, O LORD; and in thy salvation how greatly shall he rejoice!
In Context
Cross References
Psalms 20:5ထိုအခါကျွန်တော်မျိုးတို့သည်အရှင်မင်း ကြီး၏ အောင်ပွဲအတွက်ရွှင်လန်းဝမ်းမြောက်စွာ ကြွေးကြော်ကြပါလိမ့်မည်။ ထာဝရဘုရားအားထောမနာပြုလျက် အရှင် မင်းကြီး၏အောင်ပွဲကိုဆင်နွှဲကြပါလိမ့်မည်။ ဘုရားသခင်သည်အရှင်မင်းကြီးတောင်း လျှောက် သမျှကိုပေးသနားတော်မူပါစေသော။
Psalms 28:7ထာဝရဘုရားသည်ငါ့ကိုကွယ်ကာ စောင့်ရှောက်တော်မူ၏။ ငါသည်ကိုယ်တော်အားကိုးစား၏။ ကိုယ်တော်သည်ငါ့အားကူမတော်မူသဖြင့် ငါသည်ဝမ်းမြောက်လျက်ကိုယ်တော်အား ထောမနာသီချင်းများကိုဆို၏။
Psalms 62:7ငါ၏ကယ်တင်ခြင်းနှင့်ဂုဏ်အသရေသည် ဘုရားသခင်အပေါ်တွင်တည်ပါ၏။ ကိုယ်တော်သာတန်ခိုးကြီးသည့်ကာကွယ်သော ကျောက်တောင်ဖြစ်တော်မူ၏။ ငါခိုလှုံရာကားဘုရားသခင်ပေတည်း။
Psalms 71:17ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားငယ် ရွယ်စဉ် အခါမှစ၍သွန်သင်တော်မူခဲ့သည်ဖြစ်ရာ၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော် မူသော အံ့သြဖွယ်ရာအမှုတို့ကိုယနေ့တိုင်အောင် ပြောကြားလျက်ရှိပါ၏။
Psalms 99:4တန်ခိုးကြီးတော်မူသောဘုရင်မင်းမြတ်၊ ကိုယ်တော်သည်အမှန်တရားကို မြတ်နိုးနှစ်သက်တော်မူပါ၏။ ကိုယ်တော်သည်ဣသရေလနိုင်ငံတွင် တရားမျှတမှုစိုးမိုးစေတော်မူပါပြီ။ အမှန်တရားနှင့်တရားမျှတမှုကို တည်မြဲစေတော်မူပါပြီ။
Isaiah 9:6ငါတို့အဖို့သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကိုပေးသနားတော်မူပါ၏။ သူသည်ငါတို့ကိုအုပ်စိုးလိမ့်မည်။ ``သူ၏နာမတော်ကိုအံ့သြဖွယ်၊'' ``တိုင်ပင်ဘက်'' ``တန်ခိုးကြီးသောဘုရား'' ``ထာဝရအဖ'' ``ငြိမ်းချမ်းရေးအရှင်'' ဟူ၍နာမည်တွင် လိမ့်မည်။