Psalms 21:5
ကိုယ်တော်ရှင်ကယ်မတော်မူသဖြင့်မင်းကြီးသည် ဘုန်းအသရေထွန်းတောက်ရပါ၏။ ကိုယ်တော်သည်သူ့အားကျော်စောကိတ္တိနှင့် ခန့်ညားတင့်တယ်ခြင်းကိုပေးတော်မူပြီ။
Common Language Bible
In The King James Version
His glory is great in thy salvation: honour and majesty hast thou laid upon him.
In Context
Cross References
2 Samuel 7:19အို အရှင်ထာဝရဘုရား၊ ကိုယ်တော်ရှင်သည် အကျွန်ုပ်အား ယခင်ကထက်ပင်ပို၍ကျေးဇူး ပြုတော်မူပါသည်တကား။ လာလတ္တံ့သော ကာလ၌အကျွန်ုပ်၏သားမြေးတို့အတွက် ကတိတော်ပေးတော်မူပါပြီ။ အို အရှင် ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အကြောင်းကိုလူတစ်ယောက်အားအသိ ပေးတော်မူပါသည်တကား။-
1 Chronicles 17:11သင်သည်ကွယ်လွန်၍ဘိုးဘေးတို့၏သင်္ချိုင်း များအနီးတွင်သင်္ဂြိုဟ်ခြင်းကိုခံရသော အခါ ငါသည်သင့်သားတစ်ယောက်ကိုဘုရင် အဖြစ်ချီးမြှင့်၍သူ၏နိုင်ငံကိုတည်တံ့ ခိုင်မြဲစေမည်။-
Psalms 3:3သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ကျွန်တော်မျိုး အား ဘေးရန်များမှအစဉ်ကွယ်ကာတော်မူပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားအောင်ပွဲကို ပေးတော်မူလျက်ရဲစွမ်းသတ္တိနှင့်ပြန်လည် ပြည့်ဝစေတော်မူပါ၏။
Psalms 61:7အို ဘုရားသခင်၊ သူသည်ကိုယ်တော်ရှင်၏ရှေ့တော်တွင်ထာဝစဉ် အုပ်စိုးစေတော်မူပါ။ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်နှင့် သစ္စာတော်အားဖြင့် သူ့အားကာကွယ်စောင့်ထိန်းတော်မူပါ။
Psalms 96:6ဘုန်းတော်နှင့်ဂုဏ်တော်သည်ကိုယ်တော်ကို ခြံရံလျက်ရှိ၏။ တန်ခိုးတော်နှင့်ဂုဏ်ကြက်သရေတော်သည် ဗိမာန်တော်၌တည်လျက်ရှိ၏။
Psalms 133:3ဟေရမုန်တောင်ပေါ်သို့ကျသောနှင်းသည်ဇိအုန် တောင်ကုန်းများပေါ်သို့ကျသကဲ့သို့ဖြစ်၏။ ထိုအရပ်ကားထာဝစဉ်အသက်ရှင်ခွင့် တည်းဟူသောကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးတော်မူရာအရပ်ဖြစ် သတည်း။