Psalms 22:15
ကျွန်တော်မျိုး၏လည်ချောင်းသည်မြေမှုန့် ကဲ့သို့ ခြောက်လျက်ကျွန်တော်မျိုး၏လျှာသည်လည်း အာခေါင်တွင်ကပ်၍နေပါ၏။ ကိုယ်တော်သည်ကျွန်တော်မျိုးအားသေစေရန် မြေမှုန့်တွင်စွန့်ပစ်ထားတော်မူပါပြီ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 18:27တစ်ဖန်အာဗြဟံက``ဘုရားရှင်အား အတင့် ရဲ၍ဆက်လက်လျှောက်ဆိုခြင်းကိုခွင့်လွှတ် တော်မူပါ။ အကျွန်ုပ်သည်လူသားဖြစ်၍ မည်သို့မျှလျှောက်ခွင့်မရှိပါ။-
Job 7:21အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
Job 19:20ငါ့အရေသားသည်ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတခုသာပါလျက်ငါပြေးလွတ်ရ၏။
Job 30:16ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခဆင်းရဲခံရာ ကာလသည် ငါ့ကိုမှီပြီ။
Psalms 30:9``ကျွန်တော်မျိုးသေရခြင်းဖြင့်အဘယ်အကျိုး ရှိပါမည်နည်း။ သင်္ချိုင်းတွင်းသို့ရောက်ရခြင်းဖြင့်အဘယ်အကျိုး ဖြစ်ထွန်းပါမည်နည်း။ သူသေတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုနိုင်ပါသလော။ သူတို့သည်ကိုယ်တော်ရှင်၏သစ္စာတော်ကို ဖော်ပြကြေညာနိုင်ကြပါသလော။
Psalms 38:10ကျွန်တော်မျိုး၏နှလုံးသည်ခုန်၍နေပါ၏။ ကျွန်တော်မျိုးတွင်ခွန်အားမရှိတော့ပါ။ ကျွန်တော်မျိုး၏မျက်စိများသည်လည်း မှုံလျက်နေပါ၏။