Psalms 22:4
ကျွန်တော်မျိုးတို့၏ဘိုးဘေးများသည်ကိုယ်တော်ကို ကိုးစားခဲ့ကြပါ၏။ ယင်းသို့သူတို့ကိုးစားသည့်အတိုင်း ကိုယ်တော်သည်လည်းသူတို့အား ကယ်တော်မူခဲ့ပါ၏။
Common Language Bible
In The King James Version
Our fathers trusted in thee: they trusted, and thou didst deliver them.
In Context
Cross References
Genesis 15:6အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။
Genesis 32:28ထိုသူက``နောင်တွင်သင်၏နာမည်ကို`ယာကုပ်' ဟူ ၍မခေါ်စေရ။ သင်သည်ဘုရားနှင့်သော်လည်း ကောင်း၊ လူနှင့်သော်လည်းကောင်းဆိုင်ပြိုင်၍အနိုင် ရခဲ့သောကြောင့်သင်၏နာမည်မှာ`ဣသရေလ' ဟူ၍ဖြစ်ရမည်'' ဟုဆိုလေ၏။
Exodus 14:31သူတို့သည်ထာဝရဘုရားကအနန္တ တန်ခိုးတော်ဖြင့် အီဂျစ်အမျိုးသားတို့ အားနှိမ်နင်းလိုက်သည်ကိုတွေ့မြင်သဖြင့် ထာဝရဘုရားကိုကြောက်ရွံ့ရိုသေလာ ကြကုန်၏။ ထာဝရဘုရားနှင့်ထာဝရ ဘုရား၏ကျွန်မောရှေတို့ကိုယုံကြည် ကိုးစားလာကြ၏။
Romans 4:18အာဗြဟံသည်မျှော်လင့်စရာမဲ့သောအခြေ အနေ၌ပင်လျှင်ဘုရားသခင်ကိုယုံကြည် ခဲ့၏။ သို့ဖြစ်၍သူသည်လူမျိုးအမြောက်အမြား တို့၏အဖဖြစ်လာ၏။ ကျမ်းစာတော်တွင်``သင် ၏အမျိုးအနွယ်တို့သည်ကြယ်ကဲ့သို့များ ပြားလိမ့်မည်'' ဟုဖော်ပြသည့်အတိုင်း ဖြစ်၏။-