The Bible Software
Psalms · Common Language Bible

Psalms 23

1ထာ​ဝ​ရ​ဘု​ရား​သည်​သိုး​ထိန်း​တော်​မြတ်​ဖြစ်​၍ ငါ့​ကို​စောင့်​ထိန်း​တော်​မူ​၏။ ထို့​ကြောင့်​ငါ​သည်​လို​သ​မျှ​ကို​ရ​ရှိ​၏။

2ကိုယ်​တော်​သည်​ငါ့​အား​စိမ်း​လန်း​သော စား​ကျက်​များ​တွင်​နား​နေ​စေ​တော်​မူ​၏။ ဆိတ်​ငြိမ်​ရာ​မြစ်​ချောင်း​များ​သို့ လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၏။

3ကိုယ်​တော်​သည်​ငါ့​ကို​အား​သစ်​လောင်း​တော်​မူ​၏။ က​တိ​တော်​ရှိ​တော်​မူ​သည့်​အ​တိုင်း​လမ်း​မှန်​သို့ ပို့​ဆောင်​တော်​မူ​၏။

4အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကယ်​၍​ကျွန်​တော်​မျိုး​သည်​အ​မှောင်​ဆုံး ချိုင့်​ဝှမ်း​ကို ဖြတ်​၍​ပင်​သွား​ရ​စေ​ကာ​မူ​မ​ကြောက်​ပါ။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​သော​ကြောင့် ဖြစ်​ပါ​၏။

5ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အ​တွက် ရန်​သူ​အ​ပေါင်း​တို့​၏​ရှေ့​မှောက်​တွင်​စား​ပွဲ​ကို တည်​ခင်း​တော်​မူ​ပါ​၏။ ဧည့်​သည်​တော်​အ​ဖြစ်​ကျွန်​တော်​မျိုး​၏​ဦး​ခေါင်း​ကို ဆီ​လောင်း​၍​ကြို​ဆို​တော်​မူ​၏။ ကျွန်​တော်​မျိုး​၏​ခွက်​ဖ​လား​ကို​လည်း ပြည့်​လျှံ​အောင်​ဖြည့်​တော်​မူ​ပါ​၏။

6ဧ​ကန်​မု​ချ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​ရှင် ၏ ကျေး​ဇူး​နှင့်​က​ရု​ဏာ​တော်​ကို​တစ်​သက်​လုံး ခံ​စား​၍ ကိုယ်​တော်​ရှင်​၏​အိမ်​တော်​မှာ​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး​နေ​ရ​ပါ​လိမ့်​မည်။

← Psalms 22Read In The App, Free →Psalms 24 →

Study Psalms 23

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150