The Bible Software
Psalms · Common Language Bible

Psalms 24

1လော​က​နှင့်​လော​က​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​လည်း​ကောင်း၊ ကမ္ဘာ​မြေ​ကြီး​နှင့်​ကမ္ဘာ​မြေ​ကြီး​ပေါ်​တွင် ရှိ​သ​မျှ​သော​လူ​သတ္တ​ဝါ​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​၏။

2ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​မြေ​အောက် ရေ​နက်​ရာ​အ​ရပ်​၌​အုတ်​မြစ်​ချ​တော်​မူ​၏။ နက်​ရှိုင်း​သော​သ​မုဒ္ဒ​ရာ​များ​အ​ထဲ​တွင်​အ​ခြေ စိုက်​၍ တည်​ဆောက်​တော်​မူ​၏။

3ထာ​ဝ​ရ​ဘု​ရား​၏​တောင်​တော်​ပေါ်​သို့ တက်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။ ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သော​ဗိ​မာန်​တော်​သို့ ဝင်​နိုင်​မည့်​သူ​ကား​အ​ဘယ်​သူ​နည်း။

4အ​ကျင့်​သီ​လ​ကောင်း​၍​စိတ်​နှ​လုံး​ဖြူ​စင်​လျက် အ​ခြား​ဘု​ရား​များ​ကို​မ​ကိုး​ကွယ်​သူ၊လိမ် လည်​၍ သစ္စာ​က​တိ​မ​ပျက်​တတ်​သူ​ဖြစ်​ပါ​၏။

5ထာ​ဝ​ရ​ဘု​ရား​သည်​ထို​သူ​အား​ကောင်း​ချီး ပေး​၍ ကယ်​တင်​တော်​မူ​လိမ့်​မည်။ ထို​သူ​သည်​အ​ပြစ်​ကင်း​သူ​ဖြစ်​ကြောင်း ထာ​ဝ​ရ​ဘု​ရား​သည်​ကြေ​ညာ​တော်​မူ လိမ့်​မည်။

6ထို​ကဲ့​သို့​သော​သူ​များ​ကား​ဘု​ရား​သ​ခင်​ထံ တော်​သို့ ချဉ်း​ကပ်​သူ​များ၊ ယာ​ကုပ်​၏​ဘု​ရား​ကို​ကိုး​ကွယ်​ဝတ်​ပြု​ကြ သူ​များ​ပေ​တည်း။

7မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော်​မူ မည်။

8ထို​ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ ထို​အ​ရှင်​ကား​တန်​ခိုး​စွမ်း​ရည်​ရှိ​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ စစ်​ပွဲ​တွင်​အောင်​မြင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေ​တည်း။

9မြို့​တံ​ခါး​တို့​ကို​ကျယ်​စွာ​ဖွင့်​လိုက်​ကြ။ ရှေး​ဟောင်း​တံ​ခါး​တို့​ကို​ဖွင့်​လိုက်​ကြ။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ဝင်​တော် မူ​မည်။

10ထို​ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား အ​ဘယ်​သူ​နည်း။ ကြီး​မြတ်​တော်​မူ​သော​ရှင်​ဘု​ရင်​ကား​စစ်​ပွဲ တွင် အောင်​မြင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ပေ​တည်း။

← Psalms 23Read In The App, Free →Psalms 25 →

Study Psalms 24

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150