Psalms 25:10
ပဋိညာဉ်တော်နှင့်ပညတ်တော်တို့ကို စောင့်ထိန်းသူအပေါင်းတို့အား ကိုယ်တော်သည်မေတ္တာနှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်းလမ်းပြပို့ဆောင် တော်မူ၏။
Common Language Bible
In The King James Version
All the paths of the LORD are mercy and truth unto such as keep his covenant and his testimonies.
In Context
Cross References
Genesis 5:24သူသည်သူ၏ဘဝတစ်လျှောက်လုံးတွင် ထာဝရ ဘုရားနှင့်မိတ်သဟာယဖွဲ့၍ သက်ရှင်နေထိုင် ပြီးနောက် ထာဝရဘုရားကသူ့အားသိမ်းယူ တော်မူသဖြင့်ကွယ်ပျောက်သွားလေ၏။
Genesis 24:27``အကျွန်ုပ်၏သခင်အာဗြဟံအားကရုဏာ ပြတော်မူလျက် သစ္စာကတိတော်အတိုင်းပြု တော်မူသောထာဝရဘုရား၏ကျေးဇူး တော်သည်ကြီးလှပါ၏။ ထာဝရဘုရား သည်အကျွန်ုပ်အားသခင်၏ဆွေမျိုးများ ထံသို့ဆိုက်ဆိုက်မြိုက်မြိုက်ပို့ဆောင်တော်မူ လေပြီ'' ဟုမြွက်ဆိုလေ၏။
2 Samuel 15:20ဤအရပ်သို့ရောက်ရှိလာသည်မှာလည်းကာလ အနည်းငယ်သာရှိသေးသဖြင့် ငါသည်အဘယ် ကြောင့်သင့်အားငါနှင့်အတူအရပ်ရပ်သို့လှည့် လည်စေရပါမည်နည်း။ ငါအဘယ်အရပ်သို့ သွားရမည်ကိုပင်မသိ။ သင်သည်မိမိ၏အမျိုး သားတို့ကိုခေါ်၍ပြန်သွားပါလော့။ ထာဝရ ဘုရားသည်သင့်အားသစ္စာကရုဏာထား တော်မူပါစေသော'' ဟုမိန့်တော်မူ၏။
Psalms 24:4အကျင့်သီလကောင်း၍စိတ်နှလုံးဖြူစင်လျက် အခြားဘုရားများကိုမကိုးကွယ်သူ၊လိမ် လည်၍ သစ္စာကတိမပျက်တတ်သူဖြစ်ပါ၏။
Psalms 33:4ထာဝရဘုရား၏နှုတ်ကပတ်တော်သည်မှန်ကန် ပေ၏။ ကိုယ်တော်ပြုတော်မူရာအမှုအရာတို့သည်လည်း သစ္စာတရားနှင့်ကိုက်ညီ၏။
Psalms 40:11အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအစဉ် သနားကြင်နာတော်မူမည်ကိုကျွန်တော် မျိုးသိပါ၏။ ကိုယ်တော်ရှင်၏မေတ္တာတော်နှင့်သစ္စာတော်သည် ကျွန်တော်မျိုးအားအစဉ်အမြဲစောင့်ထိန်းပါ လိမ့်မည်။