The Bible Software
Psalms · Common Language Bible

Psalms 26

1အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​မှန်​ရာ​ကို​ပြု​ကျင့်​၍ ကိုယ်​တော်​အား​အ​ကြွင်း​မဲ့​ကိုး​စား​သူ​ဖြစ် ပါ​၏။ ထို့​ကြောင့်​ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း ထုတ်​ဖော်​ကြေ​ညာ​တော်​မူ​ပါ။

2အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​စမ်း​သပ်​စစ်​ဆေး​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​၏​အ​လို​ဆန္ဒ​များ​နှင့်​စိတ်​နှ​လုံး အ​ကြံ​အ​စည်​များ​ကို​စစ်​ကြော​တော်​မူ​ပါ။

3ကျွန်​တော်​မျိုး​အား​ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော မေတ္တာ​တော်​သည်​လမ်း​ပြ​ပါ​၏။ သစ္စာ​တော်​သည်​ကျွန်​တော်​မျိုး​အား အ​စဉ်​ပို့​ဆောင်​လျက်​ရှိ​ပါ​၏။

4ကျွန်​တော်​မျိုး​သည်​လျှပ်​ပေါ်​သူ​တို့​နှင့် မ​ပေါင်း​မ​ဖော်​ပါ။ သူ​တော်​ယောင်​ဆောင်​သူ​တို့​နှင့်​လည်း​မည်​သို့​မျှ မ​ဆက်​ဆံ​ပါ။

5ဆိုး​ညစ်​သူ​တို့​၏​အ​ပေါင်း​အ​သင်း​တို့​ကို ရွံ​မုန်း​၍ သူ​ယုတ်​မာ​တို့​ကို​ရှောင်​ရှား​ပါ​၏။

6အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​မှာ​အ​ပြစ်​မ​ရှိ​ကြောင်း​ပြ​သ​ရန် ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လက်​ကို​ဆေး​ကြော​ပြီး နောက် ကိုယ်​တော်​ရှင်​၏​ယဇ်​ပလ္လင်​ကို​လှည့်​ပတ်​၍ ဝတ်​ပြု​ကိုး​ကွယ်​ပါ​၏။

7ကျွန်​တော်​မျိုး​သည်​ကျေး​ဇူး​တော်​ချီး​မွမ်း​ရာ သီ​ချင်း​ကို​ဆို​၍ ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အံ့​သြ​ဖွယ် အ​မှု​အ​ရာ​အ​ပေါင်း​တို့​ကို​ပြော​ကြား​ပါ​၏။

8အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ဘုန်း​အ​သ​ရေ​တော်​တည်​ရာ တည်း​ဟူ​သော​ကိုယ်​တော်​ရှင်​ကိန်း​ဝပ်​တော်​မူ​ရာ အိမ်​တော်​ကို​နှစ်​သက်​မြတ်​နိုး​ပါ​၏။

9ကျွန်​တော်​မျိုး​အား​အ​ပြစ်​ကူး​သူ​များ​နှင့်​တ​ကွ ဖျက်​ဆီး​ပစ်​တော်​မ​မူ​ပါ​နှင့်။ သူ​သတ်​သ​မား​တို့​၏​ကံ​ကြမ္မာ​ကို ခံ​စေ​တော်​မ​မူ​ပါ​နှင့်။

10ထို​သူ​တို့​သည်​မ​ကောင်း​မှု​ကို​အ​ခါ​ခပ်​သိမ်း ပြု​ကျင့်​လျက် တံ​စိုး​လက်​ဆောင်​ယူ​ရန်​အ​စဉ်​အ​မြဲ အ​သင့်​ရှိ​သူ​များ​ဖြစ်​ကြ​ပါ​၏။

11ကျွန်​တော်​မျိုး​မူ​ကား​မှန်​ရာ​ကို​ပြု​ကျင့်​ပါ​၏။ ကျွန်​တော်​မျိုး​အား​က​ရု​ဏာ​ထား​တော်​မူ​၍ ကယ်​တော်​မူ​ပါ။

12ငါ​သည်​ဘေး​အန္တ​ရာယ်​အ​ပေါင်း​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ရှိ​၏။ လူ​ပ​ရိတ်​သတ်​အ​လယ်​တွင်​ထာ​ဝ​ရ​ဘု​ရား​အား ထော​မ​နာ​ပြု​ပါ​မည်။

← Psalms 25Read In The App, Free →Psalms 27 →

Study Psalms 26

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566676869707172737475767778798081828384858687888990919293949596979899100101102103104105106107108109110111112113114115116117118119120121122123124125126127128129130131132133134135136137138139140141142143144145146147148149150