Psalms 30:11
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဝမ်းနည်းပူဆွေးရာမှကခုန်မြူးတူးစေတော် မူပါပြီ။ ကျွန်တော်မျိုး၏ဝမ်းနည်းခြင်းလက္ခဏာဖြစ်သည့် လျှော်တေကိုချွတ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းလက္ခဏာဖြစ်သည့် အဝတ်ကိုဝတ်ဆင်ပေးတော်မူပါပြီ။
Common Language Bible
In The King James Version
In Context
Cross References
Genesis 45:28ငါ့သားယောသပ်အသက်ရှင်သေးသဖြင့် ငါတောင်းသောဆုပြည့်လေပြီ။ ငါမသေ မီသူ့ကိုတွေ့ရန်သူ့ထံသို့သွားရမည်'' ဟုဆိုလေ၏။
2 Chronicles 20:3ယောရှဖတ်သည်ကြောက်လန့်သဖြင့်လမ်း ပြတော်မူရန် ထာဝရဘုရားထံပတ္ထနာပြု တော်မူ၏။ ယုဒပြည်တစ်လျှောက်လုံး၌ အစာရှောင်ရန်နေ့ကိုသတ်မှတ်တော်မူ၏။-
2 Chronicles 20:12ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ ပါ၏။ အကျွန်ုပ်တို့သည်ယခုတိုက်ခိုက်ရန်ရောက် ရှိလာသောတပ်မတော်ကြီး၏ရှေ့တွင်ခိုကိုးရာ မဲ့ဖြစ်လျက်နေကြပါ၏။ အဘယ်သို့ပြုရမည် ကိုအကျွန်ုပ်တို့မသိကြပါ။ သို့ရာတွင်ကူမ တော်မူရန်အထံတော်သို့မျှော်ကြည့်ကြပါ၏'' ဟုအသံကျယ်စွာဆုတောင်းပတ္ထနာပြုတော် မူ၏။
Nehemiah 8:10ယခုအိမ်သို့ပြန်၍ပျော်ရွှင်စွာစားသောက် ကြလော့။ သင်တို့၏အစားအစာနှင့်စပျစ် ရည်ကို မရှိဆင်းရဲသူတို့အားဝေငှကြ လော့။ ဤနေ့သည်ငါတို့ထာဝရဘုရား ၏နေ့မြတ်ဖြစ်သဖြင့် ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှရသောဝမ်း မြောက်ခြင်းသည် သင်တို့ကိုခွန်အားပြည့် ဝလာစေလိမ့်မည်'' ဟုပြောကြားကြ၏။
Psalms 4:7သို့ရာတွင်ကျွန်တော်မျိုးအားကိုယ်တော် ပေးတော်မူသောဝမ်းမြောက်ခြင်းသည် ဂျုံစပါးနှင့်စပျစ်ရည်ပေါများသူတို့ရရှိသည့် ဝမ်းမြောက်ခြင်းထက်သာလွန်ပါ၏။
Psalms 30:5ကိုယ်တော်အမျက်ထွက်တော်မူသည်မှာ ခဏသာလျှင်ဖြစ်၏။ ကျေးဇူးပြုတော်မူသည်ကားတစ်သက်လုံး ဖြစ်သတည်း။ ညဥ့်အခါ၌မျက်ရည်များပင်ကျစေကာမူ မိုးသောက်ချိန်၌ကားဝမ်းမြောက်ရွှင်လန်း ခွင့်ကို ရရှိတတ်၏။