Psalms 30:7
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ကျေးဇူးပြုတော်မူခဲ့ပါပြီ။ တောင်ပေါ်ရဲတိုက်ကဲ့သို့ကျွန်တော်မျိုးအား လုံခြုံစွာကွယ်ကာတော်မူခဲ့ပါ၏။ သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး အား မျက်နှာတော်ကိုလွှဲ၍နေတော်မူစဉ်က ကျွန်တော်မျိုးသည်ကြောက်လန့်ပါ၏။
Common Language Bible
In The King James Version
In Context
8အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ထံတော်သို့ ဟစ်ခေါ်လျက်
Cross References
1 Chronicles 17:26အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအား ဤအံ့သြဖွယ်သောကတိတော်ကိုပေး တော်မူပါပြီ။-
Job 30:26သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်တ သောအခါ မှောင်မိုက်ဖြစ်၏။
Psalms 10:1အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အဘယ်ကြောင့်အဝေး၌ နေတော်မူပါသနည်း။ ကျွန်တော်မျိုးတို့ဒုက္ခရောက်ချိန်၌အဘယ် ကြောင့် မျက်နှာတော်ကိုလွှဲတော်မူပါသနည်း။
Psalms 18:35အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကြည့်ရှုပြုစုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကြီးမြင့်လာရပါ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ဘေးမဲ့ လုံခြုံစွာ နေရပါ၏။
Psalms 40:2ကိုယ်တော်သည်ကြောက်မက်ဖွယ်ကောင်းသည့် တွင်းနှင့်ရွှံ့နွံထဲမှငါ့ကိုဆွဲတင်တော်မူ၏။ ထိုနောက်ငါ့အားကျောက်ပေါ်တွင်တင်၍ ထားတော်မူပြီးလျှင်လုံခြုံမှုကိုပေးတော်မူ၏။
Psalms 89:17ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား အောင်ပွဲကြီးများခံစေတော်မူပါ၏။ မေတ္တာရှိတော်မူသဖြင့်ကျွန်တော်မျိုးတို့အား အနိုင်ရစေတော်မူပါ၏။