Psalms 31:2
ကျွန်တော်မျိုး၏လျှောက်ထားချက်ကို နားထောင်တော်မူပါ။ ယခုပင်ကျွန်တော်မျိုးအားကယ်တော်မူပါ။ ကျွှန်တော်မျိုးအားကွယ်ကာရန်ကျွန်တော်မျိုး၏ ခိုလှုံရာကျောက်ဖြစ်တော်မူပါ။ ကယ်မတော်မူရန်ကျွန်တော်မျိုး၏ရဲတိုက် ဖြစ်တော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 32:31သူတို့၏ရန်သူများသည်မိမိတို့၏ဘုရားများ အားနည်း၍ ဣသရေလအမျိုးသားတို့၏ဘုရားကဲ့သို့ တန်ခိုးမကြီးကြောင်းသိကြ၏။
Job 7:21အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
Psalms 18:1အို ထာဝရဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်အားအလွန်ပင် ချစ်ခင်မြတ်နိုးပါ၏။ ကိုယ်တော်သည်လည်းကျွန်တော်မျိုးအား ကာကွယ်တော်မူသောအရှင်ဖြစ်တော်မူပါ၏။
Psalms 40:17အို ဘုရားရှင်၊ ကျွန်တော်မျိုးသည်အားအင်ချိနဲ့၍ ခိုကိုးရာမဲ့သူဖြစ်သော်လည်း ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သတိရတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကယ်တင်ရှင်၊ ကျွန်တော်မျိုး၏ဘုရားသခင်ဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကူမတော်မူရန်အလျင် အမြန် ကြွတော်မူပါ။
Psalms 69:17ကိုယ်တော်ရှင်၏အစေခံအားမျက်နှာတော်ကို လွှဲတော်မမူပါနှင့်။ ကျွန်တော်မျိုးသည်အတိဒုက္ခရောက်လျက် ရှိပါ၏။ ကျွန်တော်မျိုး၏ပန်ကြားချက်ကိုယခုပင် နားညောင်းတော်မူပါ။
Psalms 79:1အို ဘုရားသခင်၊ ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။ သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။ ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။