Psalms 33:7
ပင်လယ်ရှိသမျှတို့ကိုတစ်နေရာတည်းတွင် စုဝေးစေတော်မူ၏။ နက်ရှိုင်းသောသမုဒ္ဒရာရေများကို သိုလှောင်ခန်းများတွင်သိမ်းဆည်းထားတော် မူ၏။
Common Language Bible
In The King James Version
He gathereth the waters of the sea together as an heap: he layeth up the depth in storehouses.
In Context
Cross References
Genesis 1:9တစ်ဖန်ဘုရားသခင်က``မိုးကောင်းကင်အောက် တွင်ကုန်းပေါ်လာရန် တစ်နေရာတည်း၌ရေစု ဝေးစေ'' ဟုအမိန့်ပေးသည့်အတိုင်းကုန်းပေါ် လာ၏။-
Joshua 3:13ကမ္ဘာမြေကြီးတစ်ခုလုံးကိုအစိုးရတော် မူသော ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်ကြသည့်ယဇ်ပုရောဟိတ် များသည် မြစ်ရေကိုနင်းမိသည်နှင့်တစ်ပြိုင် နက်မြစ်ညာမှစီးဆင်းလာသောရေသည် ရပ်တန့်၍တစ်နေရာတည်းတွင်ပင်စုပုံ လျက်ရှိလိမ့်မည်'' ဟုဆိုလေ၏။
Job 26:10အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
Psalms 78:13ကိုယ်တော်သည်ပင်လယ်ကိုနှစ်ခြမ်းကွဲစေ၍ ရေကိုစုပုံစေပြီးလျှင်သူတို့အား ဖြတ်ကူးစေတော်မူ၏။
Proverbs 8:29သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊