Psalms 34:1
ငါသည်ထာဝရဘုရား၏ဂုဏ်တော်ကို အစဉ်မပြတ်ထောမနာပြုမည်။ ကိုယ်တော်အားအခါခပ်သိမ်းထောမနာပြုမည်။
Common Language Bible
In The King James Version
I will bless the LORD at all times: his praise shall continually be in my mouth.
In Context
Cross References
Genesis 20:2သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။-
1 Samuel 21:11ဘုရင့်မှူးမတ်တို့က``ဤဒါဝိဒ်ဆိုသူသည် ဣသရေလဘုရင်ပင်မဟုတ်ပါလော။ အမျိုး သမီးတို့သည်ကခုန်ကာ`ရှောလုသတ်သူ အထောင်ထောင်၊ ဒါဝိဒ်သတ်သူအသောင်း သောင်း' ဟုသူ၏အကြောင်းကိုသီချင်းဆို ခဲ့ကြသည်မဟုတ်ပါလော'' ဟုလျှောက် ထားကြ၏။
1 Samuel 21:14သို့ဖြစ်၍အာခိတ်မင်းသည်မှူးမတ်တို့ အား``ကြည့်လော့၊ ဤသူသည်သူရူးဖြစ်ပါ သည်တကား။ သူ့အားသင်တို့အဘယ်ကြောင့် ငါ့ထံသို့သွင်းကြသနည်း။-
Psalms 71:8တစ်နေ့လုံးကျွန်တော်မျိုးသည်ကိုယ်တော်ရှင် အား ထောမနာပြု၍ ကိုယ်တော်ရှင်၏ဘုန်းအသရေတော်ကို ထုတ်ဖော်ကြေညာပါ၏။
Psalms 145:1ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
Isaiah 24:15အရှေ့အရပ်မှလူတို့ကကိုယ်တော်အား ထောမနာပြုကြလိမ့်မည်။ ပင်လယ်ကမ်းခြေ တွင်နေထိုင်ကြသူတို့သည်လည်း ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားထောမနာပြုကြလိမ့်မည်။-