Psalms 34:21
သူယုတ်မာတို့သည်မိမိတို့၏အပြစ်ဒုစရိုက် ကြောင့် အသက်ဆုံးကြရလိမ့်မည်။ သူတော်ကောင်းကိုမုန်းသောသူတို့သည် အပြစ်ဒဏ်သင့်ကြလိမ့်မည်။
Common Language Bible
In The King James Version
Evil shall slay the wicked: and they that hate the righteous shall be desolate.
In Context
Cross References
Exodus 12:46ပသခါစားပွဲကိုပြင်ဆင်သောအိမ်ထဲ၌သာ စားရမည်။ အိမ်ပြင်သို့ယူမသွားရ။ သား ကောင်၏အရိုးများကိုလည်းမချိုးရ။-
1 Samuel 19:4ယောနသန်သည်ခမည်းတော်ရှောလုထံ ဒါဝိဒ် ၏ဂုဏ်ကိုချီးကူးပြောဆို၏။ ထိုနောက်``အရှင်၊ အရှင့်အစေခံဒါဝိဒ်ကိုပြစ်မှားတော်မမူ ပါနှင့်။ သူသည်အရှင်ကိုအဘယ်အခါက မျှမပြစ်မှားခဲ့ပါ။ သူပြုလေသမျှအမှု များအားဖြင့် အရှင့်အတွက်အထောက်အကူ များစွာဖြစ်စေခဲ့ပါ၏။-
1 Kings 22:8အာဟပ်က``အခြားပရောဖက်တစ်ပါးရှိပါ သေးသည်။ ထိုသူသည်ဣမလ၏သားမိက္ခာ ဖြစ်ပါ၏။ သို့ရာတွင်သူသည်ကျွန်ုပ်အတွက် အဘယ်အခါမျှအကောင်းကိုမဟော၊ အဆိုး ကိုသာအစဉ်ဟောတတ်သဖြင့်သူ့ကိုကျွန်ုပ် မနှစ်သက်ပါ'' ဟုပြန်ပြောလေသည်။ ထိုအခါယောရှဖတ်က``ဤသို့မပြောသင့် ပါ'' ဟုဆို၏။-
Psalms 20:8ထိုသူတို့သည်ခြေချော်၍လဲကြလိမ့်မည်။ ငါတို့မူကားထ၍ကြံ့ကြံ့ခိုင်ရပ်တည်ကြ လိမ့်မည်။
Psalms 37:30သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။ သူသည်အစဉ်ပင်တရားမျှတ၏။
Psalms 89:23ငါသည်သူ၏ရန်သူများကိုချေမှုန်းပစ်မည်။ သူ့ကိုမုန်းသောသူအပေါင်းတို့အား သုတ်သင်ပစ်မည်။