The Bible Software
bible.software › Psalms › Psalms 35 › Psalms 35:17

Psalms 35:17

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကာ​လ​တိုင်​အောင် ကြည့်​၍​နေ​တော်​မူ​ပါ​မည်​နည်း။ သူ​တို့​၏​တိုက်​ခိုက်​မှု​များ​မှ​ကျွန်​တော်​မျိုး​အား ကယ်​နုတ်​တော်​မူ​ပါ။ ဤ​ခြင်္သေ့​တို့​၏​ဘေး​မှ​ကျွန်​တော်​မျိုး​၏​အ​သက်​ကို ကယ်​တော်​မူ​ပါ။

Common Language Bible

In The King James Version

Lord, how long wilt thou look on? rescue my soul from their destructions, my darling from the lions.

In Context

16ငါ့​အား​နာ​ကြည်း​အောင်​ပြောင်​လှောင်​ကြ​၏။ မုန်း​မာန်​ပွား​၍​ငါ့​ကို​စူး​စူး​ဝါး​ဝါး​ကြည့် ကြ​၏။

18ထို​အ​ခါ​ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ လူ​စု​တော် အ​စည်း​အ​ဝေး​တွင် ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပါ​မည်။ လူ​ပ​ရိ​သတ်​ကြီး​၏​ရှေ့​တွင်​ကိုယ်​တော်​အား ထော​မ​နာ​ပြု​ပါ​မည်။

Read all of Psalms 35

Cross References

Psalms 10:14သို့​ရာ​တွင်​ကိုယ်​တော်​သည်​ဒုက္ခ​ဝေ​ဒ​နာ​များ​ကို အ​မှန်​ပင်​မြင်​၍​မ​စ​ရန်​အ​မြဲ​အ​သင့် ရှိ​တော်​မူ​ပါ​၏။ ခိုး​ကိုး​ရာ​မဲ့​သူ​သည်​မိ​မိ​ကိုယ်​ကို​လက်​တော်​သို့ အပ်​တတ်​ပါ​၏။ ကိုယ်​တော်​သည်​ချို့​တဲ့​နွမ်း​ပါး​သူ​တို့​ကို အ​စဉ်​အ​မြဲ​ကူ​မ​တော်​မူ​ခဲ့​ပါ​၏။

Psalms 22:20ဋ္ဌား​ဘေး​မှ​ကျွန်​တော်​မျိုး​အား​ကယ်​တော်​မူ​ပါ။ ခွေး​ကဲ့​သို့​သော​သူ​တို့​၏​ဘေး​မှ​ကျွန်​တော် မျိုး​၏ အ​သက်​ကို​ကယ်​တော်​မူ​ပါ။

Psalms 57:4ရန်​သူ​များ​သည်​လူ​သား​ကို​စား​သည့်​ခြင်္သေ့​များ သ​ဖွယ် ငါ့​ကို​ဝိုင်း​ရံ​ထား​၏။ သူ​တို့​၏​သွား​များ​သည်​လှံ​များ၊မြား​များ နှင့်​တူ​၏။ သူ​တို့​၏​လျှာ​များ​သည်​သန်​လျက်​ကဲ့​သို့ ထက်​၏။

Psalms 74:9ကျွန်​တော်​မျိုး​တို့​၏​ဘာ​သာ​တ​ရား​ဆိုင်​ရာ အ​မှတ်​အ​သား​များ​အား​လုံး​ပင်​မ​ရှိ​တော့​ပါ။ ပ​ရော​ဖက်​များ​လည်း​မ​ရှိ​တော့​ပါ။ အ​ဘယ်​မျှ​ကြာ​အောင်​ဤ​သို့​ဖြစ်​နေ​မည်​ကို အ​ဘယ်​သူ​မျှ​မ​သိ​ပါ။

Psalms 94:3သူ​ယုတ်​မာ​တို့​သည်​အ​ဘယ်​မျှ​ကြာ​အောင် ဝမ်း​မြောက်​ကြ​ပါ​ဦး​မည်​နည်း။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​မျှ​ကြာ​ပါ​ဦး​မည်​နည်း။

Habakkuk 1:13သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ဆိုး​ညစ်​သူ​သစ္စာ​ဖောက်​တို့​အား အ​ဘယ်​သို့​လျှင်​သည်း​ခံ​နိုင်​တော်​မူ​ပါ​သနည်း။ ကိုယ်​တော်​ရှင်​၏​မျက်​စိ​တော်​တို့​သည်​အ​လွန်​သန့်​ရှင်း​မြင့်​မြတ်​လှ​သည်​ဖြစ်​၍​ဆိုး​ညစ်​မှု​ကို​ကြည့်​မ​ရ​ပါ။ ကိုယ်​တော်​ရှင်​သည်​လူ​တို့​ဒု​စ​ရိုက်​ပြု​ကျင့်​မှု​ကို​လည်း​သည်း​မ​ခံ​နိုင်​ပါ။ သို့​ဖြစ်​၍​မိ​မိ​တို့​ထက်​ကိုယ်​ကျင့်​တ​ရား​ကောင်း​မွန်​သူ​တို့​အား ထို​သူ​တို့​သုတ်​သင်​ပယ်​ရှင်း​ကြ​သော​အ​ခါ​ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ဆိတ်​ဆိတ်​နေ​တော်​မူ​ပါ​သ​နည်း။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 35:17

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 35:16Psalms 35Psalms 35:18 →