Psalms 36:7
အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော်သည် လွန်စွာမြတ်နိုးဖွယ်ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်ကိုယ်တော်၏အတောင် တော်ရိပ် အောက်တွင်ဘေးမဲ့လုံခြုံခွင့်ရရှိကြပါ၏။
Common Language Bible
In The King James Version
In Context
Cross References
Ruth 2:12ထာဝရဘုရားသည်ယင်းသို့သင်ပြုသည့် အတွက် သင့်အားဆုကျေးဇူးတော်ကိုချ ပေးတော်မူပါစေသော။ သင်ခိုလှုံချဉ်းကပ် သည့်ဣသရေလအမျိုးသားတို့၏ဘုရား သခင်ထာဝရဘုရားသည် သင့်အားဆု ကျေးဇူးတော်ကိုအပြည့်အဝချပေး တော်မူပါစေသော'' ဟုဆိုလေ၏။
Psalms 17:8ကိုယ်တော်၏မျက်ဆန်တော်ကဲ့သို့ကျွန်တော်မျိုးကို စောင့်ရှောက်တော်မူပါ။ သူယုတ်မာတို့၏တိုက်ခိုက်မှုမှကျွန်တော်မျိုးကို ကိုယ်တော်၏အတောင်တော်ရိပ်အောက်၌ ဖုံးအုပ်တော်မူပါ။ အသက်အန္တရာယ်ကိုရှာကြံသောရန်သူများ သည် ကျွန်တော်မျိုးကိုဝိုင်းရံလျက်နေကြပါ၏။
Psalms 57:1ကျွန်တော်မျိုးသည်ခိုလှုံရန်အထံတော်သို့ ချဉ်းကပ်ပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားသနားတော်မူပါ။ အို ဘုရားသခင်၊ သနားတော်မူပါ။ မိုးသက်မုန်တိုင်းလွန်သွားသည်အထိ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏ အတောင်တော်အရိပ်တွင်ခိုလှုံပါ၏။
Psalms 71:19အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏တရားမျှတမှုသည် မိုးကောင်းကင်တိုင်အောင်ရောက်ရှိပါ၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်ရှင်သည် ကြီးမြတ်သည့်အမှုအရာများကိုပြုတော် မူပြီ ဖြစ်သောကြောင့်တည်း။ ကိုယ်တော်ရှင်နှင့်တူသူတစ်စုံတစ်ယောက်မျှ မရှိပါ။
Psalms 86:15အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
Psalms 139:17အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် ကျွန်တော်မျိုးအတွက်ခက်ခဲနက်နဲလှပါ၏။ ယင်းတို့သည်များပြားလှပါသည်တကား။