Psalms 37:11
သို့ရာတွင်စိတ်နှိမ့်ချသောသူတို့သည် ပြည်တော်ကိုပိုင်ရလျက်ငြိမ်းချမ်းသာယာမှုနှင့် ကြီးပွားတိုးတက်မှုတို့ကိုခံစားကြရ လိမ့်မည်။
Common Language Bible
In The King James Version
But the meek shall inherit the earth; and shall delight themselves in the abundance of peace.
In Context
12သူယုတ်မာသည်သူတော်ကောင်းအား မကောင်းကြံလျက်မုန်းစိတ်နှင့်စူးစူးဝါးဝါး ကြည့်တတ်၏။
Cross References
Deuteronomy 5:33သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။
Psalms 36:8ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်ပေါများစွာ ချပေးတော်မူသောအစာရေစာကို စားသုံးကြရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့အား ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းတည်းဟူသော မြစ်ရေမှသောက်သုံးခွင့်ကိုပေးတော်မူပါ။
Psalms 119:165ကိုယ်တော်ရှင်၏တရားတော်ကိုနှစ်သက် မြတ်နိုးသူမားသည် ကြီးစွာသောစိတ်ခမ်းသာမှုကိုရရှိကြပါ၏။ အဘယ်အရာမှသူတို့အားပြိုလဲစေနိုင်လိမ့်မည် မဟုတ်ပါ။
Isaiah 48:18``အကယ်၍သင်တို့သာလျှင်ငါ၏အမိန့် တော်များကို နားထောင်ကြမည်ဆိုပါမူ အဘယ်မျှကောင်းလိမ့်မည်နည်း။ ငြိမ်သက်ခြင်းချောင်းရေကဲ့သို့၊သင်တို့အတွက် စီးဆင်းလာမည်သာ။ အောင်မြင်ခြင်းသည်လည်းကမ်းခြေတွင် ရိုက်ခတ်သည့်လှိုင်းလုံးများကဲ့သို့သင်တို့အတွက် ပေါ်ထွက်လာမည်သာ။
Isaiah 57:18``သူတို့အဘယ်သို့ပြုမူကျင့်ကြံကြသည် ကိုငါမြင်ရပြီ။ သို့ရာတွင်ငါသည်သူတို့ အားကုစားမည်။ ရှေ့ဆောင်လမ်းပြ၍ကူမ မည်။ သူတို့အားငါနှစ်သိမ့်စေမည်။-
John 14:27``ငြိမ်သက်ခြင်းကိုသင်တို့အားငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကိုသင်တို့အားငါပေး၏။ လောကသားတို့ပေးသကဲ့သို့မဟုတ်။ သင်တို့ စိတ်မပူပန်ကြနှင့်။ မကြောက်ကြနှင့်။-