Psalms 37:22
ထာဝရဘုရားကောင်းချီးပေးတော်မူသော သူတို့သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ကျိန်တော်မူခြင်းခံရသော သူတို့မူကားပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 5:33သင်တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင်ကောင်း စား၍ ဆက်လက်နေထိုင်ရန်ပညတ်တော်ရှိ သမျှကိုလိုက်နာစောင့်ထိန်းရကြမည်။
Psalms 25:13သူတို့သည်အစဉ်ပင်ကောင်းစားကြလျက် သူတို့၏သားသမီးများသည်ပြည်တော် ကို ပိုင်ရကြလိမ့်မည်။
Psalms 37:9ထာဝရဘုရားကိုကိုးစားသောသူတို့ သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့မူကားပြည်နှင် ဒဏ်ကို ခံရကြလိမ့်မည်။
Psalms 37:18ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့အားစောင့်ရှောက်တော်မူ၏။ သူတို့သည်ပြည်တော်ကိုထာဝစဉ်ပိုင်ဆိုင် ရကြလိမ့်မည်။
Psalms 115:15ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။
Psalms 128:1ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏နည်းလမ်းတော်များနှင့်အညီ ကျင့်ကြံပြုမူသူများသည်မင်္ဂလာရှိကြ၏။