Psalms 37:34
ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
Common Language Bible
In The King James Version
In Context
Cross References
Job 17:9ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
Psalms 25:13သူတို့သည်အစဉ်ပင်ကောင်းစားကြလျက် သူတို့၏သားသမီးများသည်ပြည်တော် ကို ပိုင်ရကြလိမ့်မည်။
Psalms 37:3ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
Psalms 37:9ထာဝရဘုရားကိုကိုးစားသောသူတို့ သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့မူကားပြည်နှင် ဒဏ်ကို ခံရကြလိမ့်မည်။
Psalms 91:8သူယုတ်မာတို့အဘယ်သို့အပြစ်ဒဏ်သင့်ကြ သည်ကို သင်သည်ဒိဌမြင်ရလိမ့်မည်။
Psalms 92:12သူတော်ကောင်းတို့သည်စွန်ပလွံပင်များကဲ့သို့ စိမ်းလန်းစိုပြေလျက်ရှိလိမ့်မည်။ သူတို့သည်လေဗနုန်တောင်မှအာရဇ်ပင်များ ကဲ့သို့ ကြီးပွားတိုးတက်ကြလိမ့်မည်။