Psalms 38:11
ကျွန်တော်မျိုး၏အနာများကြောင့်မိတ်ဆွေများနှင့် အိမ်နီးချင်းများသည် ကျွန်တော်မျိုး၏အနီးသို့မကပ်ကြတော့ပါ။ ကျွန်တော်မျိုး၏အိမ်ထောင်စုသားများပင်လျှင် ကျွန်တော်မျိုးထံသို့မလာကြပါ။
Common Language Bible
In The King James Version
My lovers and my friends stand aloof from my sore; and my kinsmen stand afar off.
In Context
Cross References
Job 19:13ငါ့ညီအစ်ကိုတို့ကို ငါနှင့် ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမသိ၊ ရိုင်းသောသူဖြစ် ကြ၏။
Psalms 31:11ရန်သူအပေါင်းတို့သည်ကျွန်တော်မျိုးအား ပြောင်လှောင်ကြပါ၏။ အထူးသဖြင့်အိမ်နီးချင်းများကမထီမဲ့ မြင် ပြုကြပါ၏။ အသိမိတ်ဆွေများသည်ကျွန်တော်မျိုးကို ကြောက်ကြပါ၏။ လမ်းတွင်ကျွန်တော်မျိုးကိုတွေ့မြင်သောအခါ ထွက်ပြေးကြပါ၏။
Isaiah 53:4``သို့ရာတွင်သူသည်ငါတို့ခံထိုက်သည့်ဆင်းရဲ ဒုက္ခကိုလည်းကောင်း၊ ငါတို့ခံရမည့်ဝေဒနာကိုလည်းကောင်းခံပေသည်။ ယင်းသို့သူခံစားလျက်နေရသည့်ဒုက္ခဝေဒနာ ကိုပင်လျှင်၊ သူ့အားထာဝရဘုရားပေးအပ်သည့် အပြစ်ဒဏ်ဟုငါတို့ထင်မှတ်ကြ၏။
Matthew 26:56သို့သော်ဤအမှုအရာများဖြစ်ပျက်ရခြင်းမှာ ကျမ်းစာတော်တွင်ပရောဖက်များဟောကြားခဲ့ သမျှအတိုင်း အကောင်အထည်ပေါ်လာစေရန် ဖြစ်သတည်း'' ဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုယ်တော် ကိုစွန့်ပစ်၍ပြေးကြ၏။
Luke 22:54ထိုသူတို့သည်ကိုယ်တော်ကိုဖမ်းဆီးပြီးလျှင် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်သို့ခေါ်ဆောင် သွားကြ၏။ ပေတရုသည်ခပ်လှမ်းလှမ်းကနေ ၍လိုက်လာခဲ့၏။-
John 16:32သင်တို့သည်မိမိတို့အိမ်သို့အသီးသီးထွက် ပြေးသွားကြမည့်အချိန်ကျရောက်လာလိမ့် မည်။ ငါသည်လည်းအထီးတည်းကျန်ရစ်လိမ့် မည်။ ထိုအချိန်သည်ယခုပင်ကျရောက်လျက် ရှိပေပြီ။ သို့ရာတွင်ခမည်းတော်သည်ငါနှင့် အတူရှိတော်မူသဖြင့် ငါသည်အကယ်ပင် အထီးတည်းနေသည်မဟုတ်။-