Psalms 39:3
ငါသည်ပူပင်သောကရောက်ခဲ့၏။ စဉ်းစားလေလေပို၍စိတ်ဒုက္ခရောက်လေလေ ဖြစ်ခဲ့၏။ ``အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်အဘယ်မျှအသက်ရှည်ပါ မည်နည်း။ အဘယ်အခါသေရပါမည်နည်း။ ကျွန်တော်မျိုးအားအနိစ္စတရားကို သိစေတော်မူပါ'' ဟု ကိုယ်တော်အားငါမမေးမလျှောက်ဘဲမနေနိုင်ပါ။
Common Language Bible
In The King James Version
My heart was hot within me, while I was musing the fire burned: then spake I with my tongue,
In Context
Cross References
Jeremiah 20:9သို့ရာတွင်``ငါသည်ထာဝရဘုရားကို မေ့လိုက်ပါတော့အံ့။ ကိုယ်တော်၏နာမတော်ကိုအမှီပြု၍ မဟောမပြောလိုတော့ပြီ'' ဟု ကျွန်တော်မျိုးဆိုသောအခါ၊ကိုယ်တော်ရှင်၏ ဗျာဒိတ်တော်သည် ကျွန်တော်မျိုး၏စိတ်နှလုံးအတွင်း၌မီးကဲ့သို့ တောက်လောင်ကာ ကျွန်တော်မျိုးသည်ထိုဗျာဒိတ်တော်ကိုကိုယ် အတွင်း၌ ပိတ်လှောင်ရန်ကြိုးစားပါသော်လည်းချုပ်ကိုင်၍ မထားနိုင်တော့ပါ။
Luke 24:32သူတို့က ``လမ်းခရီးတွင်ကိုယ်တော်သည်ငါတို့ အားစကားပြောတော်မူသောအခါ၌လည်းကောင်း၊ ကျမ်းစာတော်၏အနက်ကိုဖွင့်ပြတော်မူသော အခါ၌လည်းကောင်း၊ ငါတို့၏စိတ်နှလုံးတွင် မီးလျှံထသကဲ့သို့ဖြစ်နေခဲ့သည်မဟုတ် ပါလော'' ဟုအချင်းချင်းပြောဆိုကြ၏။