Psalms 39:5
ကိုယ်တော်သည်ကျွန်တော်မျိုး၏အသက်ကို လွန်စွာတိုစေတော်မူပါပြီတကား။ ကိုယ်တော်၏ရှေ့တော်တွင်ကျွန်တော်မျိုး၏ အသက်တာသည်ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ်သက်ရှိလူသတ္တဝါမည်သည်ကား ထွက်သက်ဝင်သက်တမျှ၊
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 19:34သို့ရာတွင်ဗာဇိလဲက``အကျွန်ုပ်သည်ကြာ ကြာအသက်ရှင်ရတော့မည်မဟုတ်ပါ။ အ ဘယ်ကြောင့်အရှင်မင်းကြီးနှင့်ယေရုရှလင် မြို့သို့လိုက်ရပါမည်နည်း။-
Job 9:25တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။
Psalms 39:11ကိုယ်တော်ရှင်သည်လူအားသူ၏ အပြစ်ဒုစရိုက်အတွက်ဆုံးမ၍အပြစ်ဒဏ် ပေးတော်မူပါ၏။ သူနှစ်သက်စွဲလန်းသောအရာတို့ကိုပိုးဖလံ ကဲ့သို့ ကိုယ်တော်ဖျက်ဆီးပစ်တော်မူပါ၏။ အကယ်စင်စစ်လူသည်ထွက်သက်ဝင်သက်မျှသာ ဖြစ်ပါသည်တကား။
Psalms 89:47ကျွန်တော်မျိုး၏အသက်သည်အဘယ်မျှတိုကြောင်း အောက်မေ့သတိရတော်မူပါ။ ကိုယ်တော်ရှင်သည်သေမျိုးဖြစ်သော ကျွန်တော်မျိုးအပေါင်းတို့အားဖန်ဆင်းထား တော်မူသည်ကိုအောက်မေ့သတိရတော်မူပါ။
Psalms 90:9ကျွန်တော်မျိုးတို့သည်အမျက်တော်ကိုခံရ သောကြောင့် အသက်တိုကြရပါ၏။ ကျွန်တော်မျိုးတို့၏အသက်သည်တီးတိုး ပြောသည့် လေသံကဲ့သို့ပျောက်ကွယ်တတ်ပါ၏။
Psalms 144:4လူသည်ထွက်သက်ဝင်သက်လေနှင့်တူပါ၏။ သူ၏အသက်တာသည်လွန်သွားတတ်သော အရိပ်နှင့်တူပါ၏။