Psalms 40:6
ကိုယ်တော်ရှင်သည်ယဇ်နှင့်ပူဇော်သကာများကို အလိုရှိတော်မမူပါ။ တိရစ္ဆာန်တစ်ကောင်လုံးမီးရှို့ရာ ယဇ်တို့ကိုလည်းကောင်း၊ အပြစ်ဖြေရာယဇ်တို့ကိုလည်းကောင်း ကိုယ်တော်ရှင်သည်တောင်းတော်မမူပါ။ သို့ရာတွင်ကိုယ်တော်သည်ကိုယ်တော်အား ကြားရန် ကျွန်တော်မျိုးအားနားကိုပေးတော်မူပါပြီ။
Common Language Bible
In The King James Version
In Context
Cross References
Exodus 21:6သခင်ကသူ့ကိုဘုရားရှိခိုးရာဌာနသို့ခေါ် ဆောင်ခဲ့ရမည်။ ထိုကျွန်အားတံခါးသို့မဟုတ် တံခါးတိုင်အထိခေါ်ဆောင်ပြီးလျှင် သူ၏နား ရွက်ကိုစူးဖြင့်ဖောက်ရမည်။ ထိုနောက်သူသည် သခင်ထံ၌တစ်သက်ပတ်လုံးကျွန်ခံရ မည်။
Job 5:9ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
Psalms 50:8သင်တို့သည်ငါ့အားယဇ်နှင့်မီးရှို့ရာ ပူဇော်သကာများကိုအစဉ်ဆက်သည့်အတွက် ငါသည်သင်တို့အားဝေဖန်ပြစ်တင်မှုမပြုလို။
Psalms 71:15ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကောင်းမြတ်တော်မူပုံကိုပြောကြားပါမည်။ ကိုယ်တော်ရှင်၏ကယ်တင်ခြင်းကျေးဇူးသည် ကျွန်တော်မျိုးနားလည်နိုင်သည်ထက်ပို၍ နက်နဲပါ၏။ သို့ရာတွင်ထိုကျေးဇူးတော်အကြောင်းကို ကျွန်တော်မျိုးသည်တစ်နေ့လုံးပြော ကြားပါမည်။
Psalms 139:18ထိုအကြံအစည်တော်တို့ကိုကျွန်တော်မျိုး ရေတွက်ရမည်ဆိုသော် ယင်းတို့သည်သဲလုံးများထက်များပါလိမ့်မည်။ အိပ်ရာမှနိုးထသောအခါ၌ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်နှင့်အတူရှိနေဦးမည်။
Isaiah 25:1အို ထာဝရဘုရားကိုယ်တော်ရှင်သည်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ကိုချီးမြှောက်၍ နာမတော်ကိုထောမနာပြုပါမည်။ ကိုယ်တော်ရှင်သည်အံ့သြဖွယ်ရာအမှုတို့ကို ပြုတော်မူပါပြီ။ ရှေးမဆွကပင်ပြုတော်မူခဲ့သည့် အကြံအစည်တော်တို့ကို၊ တိကျစွာအကောင်အထည်ဖော်တော်မူပါပြီ။