Psalms 41:2
ထာဝရဘုရားသည်သူ့အား ကွယ်ကာစောင့်ထိန်းတော်မူ၍သူ၏အသက်ကို စောင့်ထိန်းတော်မူလိမ့်မည်။ ကိုယ်တော်သည်သူ့အားပြည်တော်တွင်ဝမ်း မြောက်စွာ နေရသောအခွင့်ကိုပေးတော်မူလိမ့်မည်။ ရန်သူတို့၏လက်သို့အပ်တော်မူမည်မဟုတ်။
Common Language Bible
In The King James Version
In Context
3သူဖျားနာချိန်၌ကိုယ်တော်သည်ကူမတော်မူ၍ သူ့အားပြန်လည်ကျန်းမာစေတော်မူလိမ့်မည်။
Cross References
Ruth 2:19နောမိက``သင်သည်ယနေ့အဘယ်မှာကောက် သင်းကောက်ခဲ့ပါသနည်း။ မည်သူ့လယ်တွင် ကောက်ခဲ့ပါသနည်း။ ဘုရားသခင်သည် သင့် ကိုကြည့်ရှုသူအားကောင်းချီးပေးတော် မူပါစေသော'' ဟုဆို၏။ သို့ဖြစ်၍ရုသသည်ဗောဇအမည်ရှိသူလူ တစ်ဦး၏လယ်တွင် မိမိကောက်သင်းကောက်ခဲ့ ကြောင်းကိုနောမိအားပြောပြလေသည်။
Psalms 33:19ကိုယ်တော်သည်ထိုသူတို့အားသေဘေးမှ ကယ်တော်မူ၏။ အစာငတ်မွတ်ခေါင်းပါးရာကာလများ၌ သူတို့အားအသက်ရှင်နိုင်ခွင့်ကိုပေးတော် မူ၏။
Psalms 37:32သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
Psalms 128:1ထာဝရဘုရားကိုကြောက်ရွံ့ရိုသေ၍ ကိုယ်တော်၏နည်းလမ်းတော်များနှင့်အညီ ကျင့်ကြံပြုမူသူများသည်မင်္ဂလာရှိကြ၏။
Proverbs 11:17သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
Proverbs 19:17ဆင်းရဲသားကို သနားသောသူသည် ထာဝရ ဘုရားအား ချေးငှါးသောသူဖြစ်၍၊ သူပြုသောအမှု၏ အကျိုးကိုဆပ်ပေးတော်မူလိမ့် မည်။