Psalms 42:8
နေ့အချိန်၌ထာဝရဘုရားသည်မိမိ၏ ခိုင်မြဲသော မေတ္တာတော်ကိုပြတော်မူပါစေသော။ ထိုအခါညအချိန်၌ငါသည်သီချင်းဆိုနိုင်၍ ငါ၏အသက်သခင်ဘုရားသခင်ထံတော်သို့ ဆုတောင်းပတ္ထနာပြုနိုင်ပါမည်။
Common Language Bible
In The King James Version
In Context
Cross References
Deuteronomy 28:8``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏လုပ်ငန်းကိုကောင်းချီးပေး၍ သင်တို့၏ကျီများကိုစပါးနှင့်ပြည့်စေ တော်မူမည်။ ကိုယ်တော်သည်မိမိပေးသနား တော်မူမည့်ပြည်တွင် သင်တို့အားကောင်းချီး ပေးတော်မူမည်။
Job 35:10သို့သော်လည်းငါ့ကို ဖန်ဆင်းတော်မူထသော၊ ညဉ့်အချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထ သော၊
Psalms 27:1ထာဝရဘုရားသည်ငါ၏အလင်း၊ ငါ၏ကယ်တင်ရှင်ဖြစ်တော်မူ၏။ ငါသည်အဘယ်သူကိုမျှကြောက်လန့်ရ အံ့နည်း။ ထာဝရဘုရားသည်ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။
Psalms 44:4ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်ရှင်၏လူစုတော်အားအောင်ပွဲကို ပေးတော်မူပါ၏။
Psalms 63:6ကျွန်တော်မျိုးသည်အိပ်ရာပေါ်တွင် လဲလျောင်းလျက်နေစဉ် ကိုယ်တော်ရှင်အားအောက်မေ့သတိရပါ၏။ တစ်ညဥ့်လုံးကိုယ်တော်ရှင်၏အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေပါ၏။
Psalms 88:8ကျွန်တော်မျိုးအားမိတ်ဆွေများစွန့်ပစ်စေတော် မူပါပြီ။ ထိုသူတို့၏ရှေ့တွင်ကျွန်တော်မျိုးအား စက်ဆုပ်ရွံရှာဖွယ်ဖြစ်စေတော်မူပါပြီ။ ကျွန်တော်မျိုးသည်ပိတ်မိနေသဖြင့် မလွတ်မြောက်နိုင်တော့ပါ။