Psalms 43:3
ကိုယ်တော်ရှင်၏အလင်းတော်နှင့် သစ္စာတရားတော်ကိုစေလွှတ်၍ ကျွန်တော်မျိုးအားကိုယ်တော်ရှင်၏သန့်ရှင်း မြင့်မြတ်သည့်ဇိအုန်တောင် သို့လည်းကောင်း၊ ကိုယ်တော်ကိန်းဝပ်ရာဗိမာန်တော်သို့လည်းကောင်း ပြန်၍ပို့ဆောင်စေတော်မူပါ။
Common Language Bible
In The King James Version
In Context
Cross References
2 Samuel 15:20ဤအရပ်သို့ရောက်ရှိလာသည်မှာလည်းကာလ အနည်းငယ်သာရှိသေးသဖြင့် ငါသည်အဘယ် ကြောင့်သင့်အားငါနှင့်အတူအရပ်ရပ်သို့လှည့် လည်စေရပါမည်နည်း။ ငါအဘယ်အရပ်သို့ သွားရမည်ကိုပင်မသိ။ သင်သည်မိမိ၏အမျိုး သားတို့ကိုခေါ်၍ပြန်သွားပါလော့။ ထာဝရ ဘုရားသည်သင့်အားသစ္စာကရုဏာထား တော်မူပါစေသော'' ဟုမိန့်တော်မူ၏။
1 Chronicles 16:1သူတို့သည်ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ် မင်းအသင့်ပြင်ဆင်ထားသည့်တဲတော်သို့ ပင့်ဆောင်ပြီးနောက် ထိုတဲတော်ထဲတွင်ထား ရှိကြ၏။ ထို့နောက်မီးရှို့ရာယဇ်နှင့်မိတ် သဟာယယဇ်တို့ကိုဘုရားသခင်အား ပူဇော်ကြ၏။-
1 Chronicles 21:29ထိုအချိန်ကာလ၌တောကန္တာရတွင် မောရှေတည်ဆောက်ခဲ့သောထာဝရဘုရား ၏တဲတော်နှင့် ယဇ်များပူဇော်ရာယဇ်ပလ္လင် သည်ဂိဗောင်မြို့ကိုးကွယ်ရာဌာန၌တည် ရှိလျက်နေသေး၏။-
Psalms 3:4ငါသည်ထာဝရဘုရား၏ထံတော်သို့ကူမ တော်မူရန် ဟစ်အော်တောင်းလျှောက်သည့်အခါ ကိုယ်တော်သည်သန့်ရှင်းမြင့်မြတ်ရာတောင်ပေါ်မှ ငါ၏ဆုတောင်းပတ္ထနာသံကိုနားညောင်းတော်မူ၏။
Psalms 36:9ကိုယ်တော်ရှင်ထံမှသတ္တဝါမှန်သမျှတို့သည် အသက်ကိုရရှိကြပါ၏။ ကိုယ်တော်ရှင်၏အလင်းတော်ကြောင့် ကျွန်တော်မျိုးတို့သည်အလင်းကိုရရှိကြ ပါ၏။
Psalms 42:4ရွှင်လန်းစွာသီချင်းဆိုကာဘုရားသခင် အား ထောမနာပြုလျက်အိမ်တော်သို့သွားသူ လူပရိသတ်အား ငါသည်ဦးဆောင်ခဲ့ကြောင်းကိုသတိရသော အခါ ငါ၏စိတ်နှလုံးသည်ကြေကွဲပါ၏။