Psalms 44:13
ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်ပြုတော်မူသော အမှုကို အိမ်နီးချင်းများသည်မြင်၍ကျွန်တော်မျိုးတို့အား ပြောင်လှောင်၍ပြက်ရယ်ပြုကြပါ၏။
Common Language Bible
In The King James Version
Thou makest us a reproach to our neighbours, a scorn and a derision to them that are round about us.
In Context
Cross References
Deuteronomy 28:37သင်တို့ကိုအပြည်ပြည်သို့ကွဲလွင့်စေတော် မူသောအခါ ယင်းပြည်သားတို့သည်သင် တို့၏အဖြစ်ကိုမြင်၍ထိတ်လန့်ကြလိမ့် မည်။ သင်တို့အားပြောင်လှောင်သရော်ကဲ့ရဲ့ ရှုတ်ချကြလိမ့်မည်။
Psalms 80:6ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏တိုင်းပြည်ကို အိမ်နီးချင်းနိုင်ငံတို့၏စစ်မြေပြင် ဖြစ်စေတော်မူပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးတို့အား စော်ကားကြပါ၏။
Psalms 89:51အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ရွေးချယ်သောဘုရင်ကို ကိုယ်တော်ရှင်၏ရန်သူတို့သည်စော်ကားကြ ပါသည်တကား။ သူတို့သည်သူ့အားသွားလေရာရာတွင် စော်ကားကြပါ၏။
Isaiah 52:3ထာဝရဘုရားကမိမိ၏လူမျိုးတော်အား``သင် တို့သည်ငွေဖြင့်ရောင်းချမှုကိုမခံရသော်လည်း ကျွန်ဘဝသို့ရောက်ရှိသွားကြ၏။ ထို့ကြောင့်သင် တို့အားရွေးနုတ်ရာတွင်လည်းအဖိုးငွေပေးရ လိမ့်မည်မဟုတ်။ သင်တို့သည်အခမဲ့လွတ်လပ် ခွင့်ကိုရရှိကြလိမ့်မည်။-
Jeremiah 48:27အို မောဘပြည်၊ ဣသရေလပြည်သားတို့ အားအဘယ်သို့သင်ပြက်ရယ်ပြုခဲ့သည် ကိုအောက်မေ့သတိရလော့။ သင်သည်သူ တို့အားသူခိုး၊ ဋ္ဌားပြဂိုဏ်းနှင့်အတူဖမ်း ဆီးရမိသူများသဖွယ်ပြုကျင့်ခဲ့ပေ သည်။