The Bible Software
bible.software › Psalms › Psalms 44 › Psalms 44:2

Psalms 44:2

ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။

Common Language Bible

In The King James Version

How thou didst drive out the heathen with thy hand, and plantedst them; how thou didst afflict the people, and cast them out.

In Context

1အို ဘု​ရား​သ​ခင်၊ ရှေး​ကာ​လ​က​ဘိုး​ဘေး​တို့​လက်​ထက်​၌ ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​သူ​တို့​ပြော​ပြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​ကိုယ်​တိုင်​ကြား​ကြ​ရ​ပါ​ပြီ။

3ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​ပြည်​ကို ဋ္ဌား​လက်​နက်​ဖြင့်​သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ မိ​မိ​တို့​၏​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​လည်း သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော် အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သူ​တို့​အား​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​နှင့်​အ​တူ​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ခြင်း အား​ဖြင့်​လည်း​ကောင်း သူ​တို့​သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ကြ​ပါ​၏။

Read all of Psalms 44

Cross References

Exodus 15:17အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည်​သူ​တို့​ကို​ခေါ်​ဆောင်​၍ ကိုယ်​တော်​စံ​တော်​မူ​ရန်​ရွေး​ချယ်​သော၊တောင် ပေါ်​တွင် နေ​ရာ​ချ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​တိုင်​တည်​ဆောက်​သော​ဗိ​မာန်​တော်​တွင် နေ​စေ​တော်​မူ​လိမ့်​မည်။

Exodus 23:28ဟိ​ဝိ​အ​မျိုး​သား၊ ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ အ​မျိုး​သား​တို့​သည်​ထိတ်​လန့်​တ​ကြား​ဖြစ် ၍​ထွက်​ပြေး​ရ​ကြ​လိမ့်​မည်။-

Numbers 13:32သို့​ဖြစ်​၍​သူ​တို့​သည်​မိ​မိ​တို့​စုံ​စမ်း​ထောက် လှမ်း​ခဲ့​သော​ပြည်​အ​ကြောင်း မ​ဟုတ်​မ​မှန် သ​တင်း​ကို​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ တွင်​ဖြန့်​ကြ​သည်။ သူ​တို့​က``ထို​ပြည်​၌​ထို ပြည်​သား​တို့​အ​တွက်​ပင်​လျှင်​သီး​နှံ​လောက် အောင်​မ​ထွက်​ပါ။ ငါ​တို့​တွေ့​မြင်​ခဲ့​သော​သူ အ​ပေါင်း​တို့​သည်​အ​လွန်​အ​ရပ်​မြင့်​ကြ​၏။-

Deuteronomy 7:1``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​သိမ်း​ယူ​မည့်​ပြည်​သို့​သင်​တို့​ကို ပို့​ဆောင်​လျက် ထို​ပြည်​တွင်​နေ​ထိုင်​သော​သင်​တို့ ထက်​လူ​ဦး​ရေ​များ​၍​အင်​အား​ကြီး​သော​ဟိတ္တိ လူ​မျိုး၊ ဂိရ​ဂါရှိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ခါ နာ​နိ​လူ​မျိုး၊ ဖေ​ရ​ဇိ​လူ​မျိုး၊ ဟိ​ဝိ​လူ​မျိုး၊ ယေ​ဗု​သိ​လူ​မျိုး​တည်း​ဟူ​သော​လူ​မျိုး​ခု​နစ် မျိုး​တို့​ကို​နှင်​ထုတ်​တော်​မူ​လိမ့်​မည်။-

Joshua 3:10သင်​တို့​ချီ​တက်​သော​အ​ခါ​ဘု​ရား​သ​ခင် သည်​ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ကို​မု​ချ​နှင်​ထုတ် တော်​မူ​မည်။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် သင်​တို့​ကို​ရှေ့ ဆောင်​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​သော အ​ခါ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်​ကို​သင်​တို့​သိ​ကြ​လိမ့်​မည်။-

Joshua 10:42ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ဘက်​မှ​ကူ​ညီ​တိုက်​ခိုက်​သော​ကြောင့် ယော​ရှု သည်​ထို​မင်း​အ​ပေါင်း​တို့​နှင့်​သူ​တို့​၏​တိုင်း ပြည်​များ​ကို​ဆက်​တိုက်​နှိမ်​နင်း​အောင်​မြင် ခဲ့​သည်။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Psalms 44:2

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschCharles SpurgeonScofieldFamily Bible NotesGeneva Bible Notes (1599)
← Psalms 44:1Psalms 44Psalms 44:3 →