Psalms 45:14
သူသည်အရောင်အဝါတောက်ပသည့် အဝတ်တန်ဆာကိုဝတ်ဆင်ထား၏။ သူ့ကိုအပျိုရံများလိုက်ပါလျက်မင်းကြီး ထံသို့ ခေါ်ဆောင်ခဲ့ကြ၏။ အပျိုရံများကိုလည်းမင်းကြီးထံသို့ ခေါ်ဆောင်ခဲ့ကြ၏။
Common Language Bible
In The King James Version
In Context
15သူတို့သည်ဝမ်းမြောက်ပျော်ရွှင်စွာ လာရောက်ကြပြီးလျှင်မင်းကြီး၏နန်းတော်သို့ ဝင်ကြ၏။
Cross References
Exodus 28:39``အင်္ကျီနှင့်ခေါင်းပေါင်းကိုပိတ်ချောဖြင့် ရက်လုပ်၍ ခါးပန်းကိုပန်းထိုးထားရမည်။
Song of Solomon 1:3ကျွန်မကို သွေးဆောင်တော်မူပါ။ ကျွန်မတို့ သည် နောက်တော်သို့ပြေး၍ လိုက်ကြပါမည်။ အရှင် မင်းကြီးသည် အိမ်တော်အတွင်းခန်းထဲသို့ ကျွန်မကို ဆောင်ခဲ့တော်မူပြီ။ ကျွန် မတို့သည် ကိုယ်တော်ကြောင့် ဝမ်းမြောက်ရွှင်လန်းကြမည်။ မေတ္တာတော်ကို စပျစ်ရည် ထက်သာ၍ ချီးမွမ်းကြမည်။ သတို့သမီးကညှာတို့သည် ကိုယ်တော်ကိုမှန်ကန်စွာ ချစ်ကြပါ၏။
Song of Solomon 5:8မိန်မတကာတို့ထက် အဆင်းလှသောအစ်မ၊ သင်ချစ်ရာသခင်သည် အခြားတပါးသော ချစ်ရာသခင် ထက် အဘယ်သို့သာသနည်း။ အကျွန်ုပ်တို့ကို ထိုသို့မှာထားတောင်းပန်ရမည်အကြောင်း၊ သင်ချစ်ရာ သခင်သည် အခြားတပါးသော ချစ်ရာသခင်ထက် အဘယ်သို့ သာယာနည်။
Song of Solomon 6:8ငါ့ချိုး၊ ငါ၏စုံလင်သူသည် ငါ၌တပါးတည်းရှိ၏။ ဘွားမြင်သောမိခင်၌ အချစ်ဆုံးသောသမီးဖြစ်၏။ လူမျိုး သမီးတို့သည် သူ့ကိုမြင်၍ ကောင်းကြီးပေးကြ၏။ မိဖုရား များနှင့် မောင်းမမိဿံများတို့သည် ချီးမွမ်းကြ၏။
Song of Solomon 8:13အလျင်အမြန် ကြွလာတော်မူပါ၊ ငါချစ်ရာ သခင်။ နံ့သာတောင်ပေါ်မှာ သမင်ဒရယ်သငယ်ကဲ့သို့ ပြုတော်မူပါ။
2 Corinthians 11:2ဘုရားသခင်သည်သင်တို့ကိုမနာလိုစိတ်ရှိ တော်မူသကဲ့သို့ ငါသည်သင်တို့ကိုမနာလို စိတ်ရှိ၏။ သင်တို့သည်ခရစ်တော်တစ်ဦးတည်း နှင့်စုံဖက်ထိမ်းမြားရန် ငါကတိပြုထားသည့် အပျိုစင်နှင့်တူကြ၏။-