Psalms 46:7
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
Common Language Bible
In The King James Version
The LORD of hosts is with us; the God of Jacob is our refuge. Selah.
In Context
Cross References
2 Chronicles 13:12ငါတို့၏ခေါင်းဆောင်ကားထာဝရဘုရား ကိုယ်တော်တိုင်ဖြစ်၏။ ကိုယ်တော်၏ယဇ်ပုရော ဟိတ်တို့သည်လည်းငါတို့စစ်ပွဲဝင်ရန် တံပိုး ခရာမှုတ်၍အချက်ပေးဖို့အသင့်ရှိနေကြ သည်။ ဣသရေလပြည်သူတို့၊ သင်တို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားနှင့် ဆိုင်ပြိုင်၍စစ်မတိုက်ကြနှင့်။ သင်တို့မနိုင် နိုင်ကြ'' ဟုမိန့်တော်မူ၏။
Psalms 9:9ထာဝရဘုရားသည်ဖိစီးနှိပ်စက်ခြင်း ခံရသူတို့၏ခိုလှုံရာ၊ ဆင်းရဲဒုက္ခရောက်ချိန်များ၌ဘေးလွတ်လုံခြုံရာ ဖြစ်တော်မူ၏။
Isaiah 8:10သင်တို့၏စီမံကိန်းများကိုရေးဆွဲကြလော့။ သို့ရာတွင်ထိုစီမံကိန်းတို့သည်အဘယ်အခါ ၌မျှအောင်မြင်လိမ့်မည်မဟုတ်။ သင်တို့ပြော လိုသမျှသောစကားများကိုပြောဆိုကြလော့။ သို့ရာတွင်ယင်းတို့သည်အချည်းနှီးသာလျှင် ဖြစ်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူသော ကြောင့်ဖြစ်၏။
Romans 8:31အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-