Psalms 50:1
အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသည်အရှေ့မှအနောက်သို့ တိုင်အောင် ကမ္ဘာတစ်ဝန်းလုံးအားမိန့်မြွက်ဆင့်ခေါ်တော် မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Joshua 22:22``တန်ခိုးကြီးသောအရှင်သည်ဘုရားဖြစ် တော်မူ၏။ ကိုယ်တော်သည်ထာဝရဘုရား ဖြစ်တော်မူ၏။ တန်ခိုးကြီးသောအရှင်သည် ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည်ထာဝရ ဘုရားဖြစ်တော်မူ၏။ ငါတို့၏ယဇ်ပလ္လင်ကို အဘယ်ကြောင့်တည်ရကြောင်းကိုကိုယ်တော် သိတော်မူ၏။ သင်တို့အားလည်းသိစေလို ပါသည်။ ငါတို့သည်ထာဝရဘုရားအား ပုန်ကန်၍ သစ္စာတော်ကိုမစောင့်ထိန်းလျှင် အသက်ချမ်းသာခွင့်မပေးပါနှင့်။-
1 Kings 18:36ညဥ့်ဦးယံယဇ်ပူဇော်ချိန်ရောက်သောအခါ ပရောဖက်ဧလိယသည်ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်၍``အို အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့ ၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော် သည်ဣသရေလအမျိုးသားတို့၏ဘုရား ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ် သည်ကိုယ်တော်၏အစေခံဖြစ်၍ဤအမှု အရာအလုံးစုံကို ကိုယ်တော်၏အမိန့်တော် အရပြုကြောင်းကိုလည်းကောင်းယနေ့သိ ကြပါစေသော။-
1 Chronicles 15:17သူတို့သည်ကြေးလင်းကွင်းတီးရန်အဆို တော်သားချင်းစုများမှယောလ၏သား ဟေမန်နှင့် သူ၏ဆွေမျိုးဗေရခိ၏သား အာသပ်နှင့်မေရာရိသားချင်းစုမှကုရှာယ ၏သားဧသန်ကိုရွေးချယ်ကြ၏။ ထိုသူတို့ ကိုကူညီရာတွင်အသံမြင့်စောင်းများကို တီးရန်ဇာခရိ၊ ဗင်ယာဇေလ၊ ရှေမိရာမုတ်၊ ယေဟေလ၊ ဥန္နိ၊ ဧလျာဘ၊ ဗေနာယ၊ မာ သေယ၊ မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယ ဟူသောလေဝိအနွယ်ဝင်တို့ကိုရွေးချယ် ကြ၏။ အသံနိမ့်စောင်းများတီးရန်အတွက် မတ္တိသိ၊ ဧလိဖလေ၊ မိတ်နေယနှင့်ဗိမာန်တော်စောင့် သြဗဒေဒုံ၊ ယေလနှင့်အာဇဇိတို့ကို ရွေးချယ်ကြ၏။
1 Chronicles 25:2အာသပ်၏သားများဖြစ်ကြသောဇက္ကုရ၊ ယောသပ်၊ နေသနိနှင့်အာရှရေလတို့သည်မင်းကြီးအမိန့် ပေးသည့်အခါတိုင်း ဘုရားသခင်၏တရားတော် ကိုဟောပြောရသူအာသပ်၏ညွှန်ကြားကွပ် ကဲမှုကိုခံယူရကြ၏။
2 Chronicles 29:30ဟေဇကိမင်းနှင့်ပြည်သူခေါင်းဆောင်များ သည် လေဝိအနွယ်ဝင်တို့အားဒါဝိဒ်နှင့် ပရောဖက်အာသပ်စပ်ဆိုခဲ့သော ထောမနာ သီချင်းများကိုသီဆိုစေကြ၏။ သို့ဖြစ် ၍သူတို့သည်ဝမ်းမြောက်ရွှင်လန်းစွာသီ ချင်းဆို၍ ဒူးထောက်လျက်ဘုရားသခင် ကိုရှိခိုးကြ၏။
Nehemiah 9:32``အို ဘုရားသခင်အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာကြီးမြတ်တော်မူပါ၏။ အလွန်ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်း၍ တန်ခိုးကြီးမားတော်မူပါသည်တကား။ ကိုယ်တော်သည်ကိုယ်တော်၏ပဋိညာဉ်တော် ဆိုင်ရာ ကတိတော်များကိုသစ္စာရှိစွာ စောင့်ထိန်းတော်မူပါ၏။ အကျွန်ုပ်တို့သည်မိမိတို့အားအာရှုရိဘုရင်များ ညှဉ်းပန်းနှိပ်စက်စဉ်အခါမှစ၍ ယနေ့တိုင်အောင်ပင်အဘယ်မျှဆင်းရဲ ဒုက္ခရောက်လျက်နေခဲ့ရကြပါသနည်း။ ကျွန်ုပ်တို့၏ဘုရင်များ၊ ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ပရောဖက်များ၊ အကျွန်ုပ်တို့၏ဘိုးဘေးများနှင့်ပြည်သူ အပေါင်းတို့သည် ဆင်းရဲဒုက္ခရောက်ခဲ့ရကြပါ၏။ အကျွန်ုပ်တို့အဘယ်မျှဆင်းရဲဒုက္ခရောက်ခဲ့ ရကြသည်ကိုသတိရတော်မူပါ။