Psalms 50:16
သို့ရာတွင်ထာဝရဘုရားကသူယုတ်မာ အား ``သင်သည်အဘယ်ကြောင့်ငါ၏ပညတ်တော်တို့ကို ရွတ်ဆိုရပါသနည်း။ ငါ၏ပဋိညာဉ်တော်အကြောင်းကိုအဘယ်ကြောင့် ပြောဆိုရပါသနည်း။
Common Language Bible
In The King James Version
In Context
17သင်သည်ငါဆုံးမသွန်သင်သည်ကိုလက်မခံ။ ငါ၏ပညတ်တော်တို့ကိုပစ်ပယ်၏။
Cross References
Psalms 78:36သို့ရာတွင်သူတို့သည်ကိုယ်တော်အားနှုတ်ဖြင့် မြှောက်ပင့်ပြောဆို၍ လျှာဖြင့်လိမ်လည်လျှောက်ထားကြ၏။
Isaiah 1:11ကိုယ်တော်က`သင်တို့ဆက်ကာဆက်ကာပူဇော်လျက်ရှိသည့်ယဇ်တို့ကိုငါအလိုရှိတော်မူသည်'' ဟုထင်မှတ်ကြပါသလော။ သင်တို့မီးရှို့ပူဇော်သည့်သိုးများနှင့်ဆူဖြိုးသောတိရစ္ဆာန်တို့၏ဆီဥများကိုငါငြီးငွေ့တော်မူပြီ။ သိုးနွားဆိတ်တို့၏သွေးများကိုလည်းငါမနှစ်သက်တော့ပေ။-
Isaiah 48:1အချင်းယုဒမှဆင်းသက်လာသူ၊ ဣသရေလအမျိုးသားတို့၊ ဤစကားကိုနားထောင်ကြလော့။ သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်း သင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။
Isaiah 55:6ထာဝရဘုရားသည်ယခုသင်တို့အနီးတွင် ရှိတော်မူပြီဖြစ်၍၊ အထံတော်သို့လှည့်၍ဆုတောင်းပတ္ထနာပြု ကြလော့။
Jeremiah 7:4`ဤဗိမာန်သည် ထာဝရဘုရား၏ဗိမာန်တော် ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏။ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်၏' ဟု ပြောဆိုသူတို့၏မုသားစကားကိုမယုံ ကြနှင့်။
Ezekiel 20:37``ငါသည်သင်တို့ကိုပိုင်ပိုင်နိုင်နိုင်အုပ် ထိန်း၍ ပဋိညာဉ်တော်အတိုင်းလိုက်နာ စေမည်။-