Psalms 51:11
ရှေ့တော်မှောက်မှကျွန်တော်မျိုးအား နှင်ထုတ်တော်မမူပါနှင့်။ ကိုယ်တော်ရှင်၏ဝိညာဉ်တော်ကိုကျွန်တော် မျိုးထံမှ ရုပ်သိမ်းတော်မမူပါနှင့်။
Common Language Bible
In The King James Version
Cast me not away from thy presence; and take not thy holy spirit from me.
In Context
Cross References
Genesis 4:14ကိုယ်တော်သည်အကျွန်ုပ်ကိုဤမြေမှနှင်ထုတ် တော်မူပါပြီ။ ကိုယ်တော်၏မျက်မှောက်တော်မှ လည်းနှင်ထုတ်တော်မူပါပြီ။ အိုးအိမ်မဲ့လျက် မြေကြီးပေါ်တွင် လှည့်လည်နေရပါမည်။ တွေ့ သမျှသောသူတို့သည် အကျွန်ုပ်အားသတ် ကြပါလိမ့်မည်'' ဟုပြန်၍လျှောက်၏။
Judges 13:25သူငယ်သည်ဇောရာမြို့နှင့်ရှေတောလမြို့ စပ်ကြားဒန်တပ်စခန်း၌ရှိနေစဉ် ထာဝရ ဘုရား၏တန်ခိုးတော်သည်သူ့အားစတင် ၍ခွန်အားကြီးမားလာစေတော်မူသည်။
Judges 16:20သူသည်``ရှံဆုန်၊ ဖိလိတ္တိအမျိုးသားတို့လာ နေကြပြီ'' ဟုဟစ်အော်၏။ ထိုအခါရှံဆုန် သည်အိပ်ရာမှနိုးထ၍ယခုတစ်ကြိမ်လည်း ခါတိုင်းကဲ့သို့ပင် မိမိလွတ်မြောက်နိုင်လိမ့် မည်ဟုထင်မှတ်၏။ မိမိအားထာဝရဘုရား စွန့်ခွာသွားတော်မူပြီဖြစ်ကြောင်းကိုမူသူ မသိ။-
1 Samuel 16:14ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှောလုထံ မှထွက်ခွာသွားတော်မူ၏။ ထိုအခါသူသည် ကိုယ်တော်စေလွှတ်လိုက်သည့် နတ်မိစ္ဆာ၏နှောင့် ယှက်ညှင်းဆဲခြင်းကိုခံရလေတော့သည်။-
2 Kings 13:23သို့ရာတွင်ထာဝရဘုရားသည်သနား ကြင်နာတော်မူသဖြင့် သူတို့အားဆုံးပါး ပျက်စီးစေတော်မမူ။ ကိုယ်တော်သည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်ပြုတော် မူခဲ့သည့်ပဋိညာဉ်တော်ကိုထောက်၍ သူ တို့အားကူမတော်မူ၏။ မိမိ၏လူမျိုး တော်အား အဘယ်အခါ၌မျှမေ့လျော့ တော်မမူ။
2 Kings 23:27ထာဝရဘုရားက``ငါသည်ဣသရေလပြည်ကို ပြုသကဲ့သို့ ယုဒပြည်ကိုလည်းပြုမည်။ ယုဒ ပြည်သူတို့ကို ငါ၏မျက်မှောက်တော်မှနှင်ထုတ် မည်။ ငါရွေးချယ်ထားသည့်ယေရုရှလင်မြို့နှင့် ငါ့အားဝတ်ပြုကိုးကွယ်ရမည့်ဌာနအဖြစ် ငါသတ်မှတ်ပေးသောဗိမာန်တော်ကိုပင်ငါ စွန့်ခွာမည်'' ဟုမိန့်တော်မူ၏။