Psalms 51:14
အို ဘုရားသခင်၊ ကျွန်တော်မျိုး၏အသက်ကိုချမ်းသာပေး တော်မူပါ။ ကျွန်တော်မျိုးကိုကယ်တော်မူပါ။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် တရားမျှတတော်မူကြောင်းကိုဝမ်းမြောက်စွာ ထုတ်ဖော်ကြေညာပါမည်။
Common Language Bible
In The King James Version
In Context
15အို ထာဝရဘုရား၊ ကျွန်တော်မျိုး၏နှုတ်ကိုဖွင့်တော်မူပါ။ ဂုဏ်တော်ကိုချီးမွမ်းပါမည်။
Cross References
Genesis 42:22ထိုအခါရုဗင်က``ငါသည်သင်တို့အားသူငယ် ကို ဘေးဒုက္ခမရောက်စေပါနှင့်ဟူ၍သတိပေး ခဲ့သော်လည်းသင်တို့သည်နားမထောင်ကြ။ ထို့ ကြောင့်ငါတို့သည်ယခုဝဋ်လည်နေရကြပြီ'' ဟုဆိုလေ၏။-
2 Samuel 11:15စာတွင်``တိုက်ပွဲအပြင်းထန်ဆုံးရှေ့တန်းစစ် မျက်နှာသို့ဥရိယအားစေလွှတ်လော့။ ထို နောက်သူအသတ်ခံရစေရန်သင်သည်နောက် သို့ဆုတ်ခွာလာခဲ့လော့'' ဟုပါရှိ၏။-
2 Samuel 21:1ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
Nehemiah 9:33အကျွန်ုပ်တို့အားကိုယ်တော်အပြစ်ဒဏ် ပေးတော်မူသည်မှာတရားပါ၏။ အကျွန်ုပ်တို့သည်အပြစ်ကူးလွန်ခဲ့ကြသော် လည်း ကိုယ်တော်သည်သစ္စာစောင့်တော်မူပါ၏။
Psalms 26:9ကျွန်တော်မျိုးအားအပြစ်ကူးသူများနှင့်တကွ ဖျက်ဆီးပစ်တော်မမူပါနှင့်။ သူသတ်သမားတို့၏ကံကြမ္မာကို ခံစေတော်မမူပါနှင့်။
Psalms 38:22ကျွန်တော်မျိုးကိုကယ်တင်မူသောဘုရားရှင်၊ ယခုပင်ကျွန်တော်မျိုးကိုကူမတော်မူပါ။