Psalms 52:2
သင်သည်သူတစ်ပါးပျက်စီးရာပျက်စီးကြောင်းကို ကြံစည်တတ်၏။ သင်၏လျှာသည်သင်တုန်းဋ္ဌားကဲ့သို့ထက်မြက်၏။ သင်သည်မဟုတ်မမှန်သည့်စကားကိုအစဉ်ပင် လုပ်ကြံပြောဆိုတတ်၏။
Common Language Bible
In The King James Version
Thy tongue deviseth mischiefs; like a sharp rasor, working deceitfully.
In Context
Cross References
Psalms 50:19``သင်သည်အစဉ်ပင်ညစ်ညမ်းသည့်စကားကို ပြောဆိုတတ်၏။ မုသားကိုသုံးရန်အဘယ်အခါ၌မျှ နှောင့်နှေးသည်မရှိ။
Psalms 59:7သူတို့စော်ကားပြောဆိုခြိမ်းခြောက်သည်ကို ကြားတော်မူပါ။ သူတို့၏လျှာသည်ဋ္ဌားသဖွယ်ဖြစ်ပါ၏။ သို့သော်လည်းသူတို့က``ငါတို့စကားကို အဘယ်သူ ကြားပါမည်နည်း'' ဟုဆိုကြပါ၏။
Psalms 109:2သူယုတ်မာများနှင့်လူလိမ်များသည်ကျွန်တော် မျိုးကို တိုက်ခိုက်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အကြောင်း မုသားစကားပြောကြပါ၏။
Psalms 140:2သူတို့သည်အစဉ်ပင်မကောင်းမှုပြုရန် ကြံစည်လျက်အစဉ်ပင်ခိုက်ရန်ဖြစ်ပွား စေရန် လှုံ့ဆော်ပေးကြပါ၏။
Proverbs 12:18သန်လျက်နှင့်ထိုးသကဲ့သို့ စကားပြောတတ် သော လူတချို့ရှိ၏။ ပညာရှိတို့၏ လျှာမူကား အနာကို ပင် ပျောက်စေတတ်၏။
Proverbs 30:14ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။